အခန်း ၉၀ ။ လေပေါရာမှ သေဆုံးခြင်း

1.2K 172 5
                                    

90

အခန်း ၉၀ ။ လေပေါရာမှ သေဆုံးခြင်း

"ဒါပေမဲ့... မင်းနဲ့အဲဓားကျင့်ကြံသူက ငါ့ကို အံ့ဩစေခဲ့တာပဲ" ယွီဟောက်ထျန်းက ရှန်းရင်ကို တစ်ချက်ကြည့်ပြီး သူ့မိစ္ဆာချီက တရကြမ်း တိုးလာတယ်။

"တစ်ယောက်က စိတ်နတ်ဆိုးတွေရဲ့ သက်ရောက်မှု မခံရချိန် တခြားတစ်ယောက်က စေတီထဲ တန်းပြီး ထိုးဖောက်ဝင်ရောက်လာနိုင်တယ်၊ ဒီလိုကျင့်ကြံဆင့်တွေက ရှားပါးတော့ နှစ်ယောက်လုံးက ငါ့မိစ္ဆာလမ်းစဉ်ကျင့်ကြံမှုအတွက် ကုန်ကြမ်းကောင်းတွေပဲ"

သူစကားပြောပြီးပြီးချင်း သူ့တစ်ကိုယ်လုံးထဲက အနက်ရောင်ချီတွေ ထပ်ပြီး ထွက်လာတယ်။ ပတ်ဝန်းကျင်က ရုတ်တရက် မှောင်မည်းသွားတော့တာပဲ။ လေထဲမျောနေတဲ့ အနီရောင်မျက်လုံးနှစ်လုံးပဲ မြင်ရတော့လေတယ်။

"ငါ မင်းကျင့်ကြံခြင်းကို ရပြီးတာနဲ့ မသေမျိုးတစ်ယောက်အဖြစ်ကနေ မိစ္တာမျိုးနွယ်စုရဲ့ အဖွဲ့ဝင်အစစ်အမှန်အဖြစ် ပြောင်းလဲလို့ရပြီ" သူ့အသံက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေတော့ စေတီတစ်ခုလုံးလည်း အပြင်းအထန် ယမ်းခါတော့တယ်။

"အဲဒါဖြစ်ရင် အထက်ထျန်းလန်လောက မသေမျိုးတောင် ငါ့ပြိုင်ဘက်ဖြစ်တော့မှာ မဟုတ်ဘူး"

သူ့ရယ်သံက ပိုတောင် ကောက်ကျစ်စဉ်းလဲလာပြီး မျက်လုံးထဲက အနီရောင်အလင်းတန်းက တဖြတ်ဖြတ် တောက်ပနေတော့တယ်။ ဒီနောက် ကြက်သီးထစရာအရှိန်အဝါနဲ့ သူ့တစ်ကိုယ်လုံးကို ရှန်းရင်ဆီ ပစ်လွှတ်တာပဲ။

"ဒီစေတီရဲ့ အစိတ်အပိုင်း ဖြစ်လာ‌လိုက်တော့" အနက်ရောင် ချီထုကြီးက ရှန်းရင်ကိုယ်ပေါ် အုပ်မိုးခါနီးဆဲဆဲပေါ့။

"ငါပြောတာက..." ရှန်းရင် မျက်မှောင်ကြုတ်သွားပြီ။ ရုတ်တရက် သူမကရှေ့တက်ပြီး အနက်ရောင်ချီထုကြီးဆီ မျက်နှာသေနဲ့လျှောက်လာကာ အထဲကို လက်လှမ်းလိုက်တယ်။

ဟမ်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ" သက်ရှိတိုင်းကို ဝါးမျိုပစ်နိုင်တဲ့ မိစ္ဆာချီကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေတာလဲ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now