အခန်း ၁၅၈ ။ ကျွန်တော့်ကိုမစားပါနဲ့

1.1K 175 0
                                    

158

အခန်း ၁၅၈ ။ ကျွန်တော့်ကိုမစားပါနဲ့

"ထားလိုက်တော့" ချီချန်းယွီက ဝင်ပြောလာတယ်။

"သေသေရှင်ရှင် ကံကြမ္မာပါပဲ၊ ဖုန်းယင် ရှင်လုပ်ဖို့မလို-"

"မဖြစ်ဘူး" ဖုန်းယင်လေသံက ပိုပြီးတောင် စိတ်ပူပန်ပုံပေါ်လာတယ်။ သူ သူမကိုကယ်ဖို့အတွက်ပဲ မသေမျိုးတက်လှမ်းခဲ့တာ။ သူ ဒီအချိန်ကျမှ ဘယ်လက်လျှော့နိုင်မလဲ။

"ညီ‌နောင်ကူယွဲ့၊ ကောင်းကင်အလွန်မှကောင်းကင်များဆီ ဘယ်လိုသွားရမလဲဆိုတာ သိလား၊ ကျုပိ ဘယ်အခကြေးငွေမဆို ပေးပါ့မယ်" သူ နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ပေမဲ့ သဘောကျတဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ ခုမှတွေ့ခဲ့တာ။

ကူယွဲ့ သက်ပြင်းချလိုက်တယ်။

"မျှော်စင်သခင်ယင်၊ ခင်ဗျားကို မကူညီချင်တာတော့မဟုတ်ဘူး၊ ဖြစ်ချင်တော့ ကျုပ်တို့က အမတဘုံမှာ နေ‌တာသိပ်မကြာသေးလို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ မရောက်ဖူးဘူး၊ ရောက်ဖူးတဲ့သူလည်း မသိဘူး၊ ဒါကြောင့်..."

"ငါသိတယ်" ရှန်းရင်က ရုတ်တရက် ထပြောလာတယ်။

လူတိုင်းက စက္ကန့်နည်းနည်းရပ်သွားပြီးမှ သူမကိုလှည့်ကြည့်လာတော့တယ်။ တစ်ယောက်ချင်းစီက ထိတ်လန့်နေတဲ့ပုံ။

အထူးသဖြင့် စောနက ရှန်းရင်ကိုကျေးဇူးတင်ကြောင်းပြဖို့ အတော်လေး မလိုလားခဲ့တဲ့ဖုန်းယင်။ ခုတော့ သူမရှေ့အပြေး ဒူးထောက်လာပြီ။

"ရှန်းရင် မင်းကလူကောင်းဆိုတာ ကျုပ်သိပါတယ်၊ ရှောင်ယွီ့ကိုကယ်ပေးဖို့ တောင်းပန်ပါတယ်၊ မင်းခိုင်းတာမှန်သမျှ လုပ်ပေးမယ်၊ အသက်ပေးဆိုရင်တောင်ရပါတယ်"

"အာ..." သူမ မကယ်ချင်တာမဟုတ်ပါဘူး။ ဖုန်းယင်ဆီကနေ အလိုလို ခြေကြွလိုက်မိတယ်။

"ငါ သူ့ကို မကယ်ချင်တာ မဟုတ်ပါဘူး..."

ဒီလူက တစ်ချိန်လုံး ကပ်ဖားယပ်ဖားအမူအရာတွေလုပ်ဖို့ကို အရမ်းမြန်တာပဲ။ မိဘစနစ်က ဒါကို သူ့ကို သင်ပေးထားတာလား။

ဖုန်းယင်က ရှန်းရင် သူ့ကိုကူညီဖို့ ဆန္ဒမရှိတာပဲလို့ တွေးမိလိုက်တယ်။ ရုတ်တရက် သူ သွေးပျက်သွားတယ်။ သူတစ်ခဏ စဉ်းစားပြီး ကံစမ်းကြည့်လိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now