အခန်း ၁၂၁ ။ တပည့်လက်ခံခြင်း

1.3K 173 3
                                    

121
အခန်း ၁၂၁ ။ တပည့်လက်ခံခြင်း

"အမတရောင်းရင်းကူယွဲ့..." ပေါင်ဖေးဖျင် စိုးရိမ်နေတဲ့လေသံနဲ့ မေးလိုက်မိတယ်။

"အမတရောင်းရင်းယိချင်းက... တကယ်ပဲ အဆင်ပြေရဲ့လား"

ကူယွဲ့နှုတ်ခမ်းတွေ မဆိုစလောက် တွန့်ချိုးသွားလေတယ်။

"မစိုးရိမ်ပါနဲ့၊ သူဘာလုပ်နေလဲဆိုတာ သူသိတယ်... အနည်းဆုံးတော့ သိသင့်တာပေါ့"

သောက်ကျိုးနည်း "သိသင့်တယ်"ဆိုတာာ ဘာအဓိပ္ပာယ်လဲ။

ပြီးတော့ အဇဋာကိုးစိတ်ဖြာမှန်ထဲက ထွက်ထွက်ပြီးချင်း ဘာလို့ မီးဖိုချောင်ထဲဆီ ပြေးသွားရတာလဲ။

အမ‌တတွေက စားဖို့မလိုဘူး။  ဒါကြောင့် သူတို့ဆီမှာ မီးဖိုချောင်ရှိပေမဲ့လည်း စားစရာကြိုက်တဲ့ အမတတချို့ ရံဖန်ရံခါသုံးတာပဲရှိတာ။ ဟင်းချက်ပစ္စည်းတွေကလည်း ပုံမှန်ဆို အပြည့်မရှိကြဘူးပေါ့။

ဒါပေမဲ့... ယိချင်းကတော့ သူ့ကိုယ်ပေါ် ဆီ၊ ဆား၊ အချဉ်ရည်နဲ့ ရှာလကာရည်တွေပါ ရှိနေတယ်ဆိုတဲ့အချက်ကို ကျော်ကြည့်ရင်တောင် ဘာလို့အိုးတွေ၊ ခွက်တွေ၊ စားသောက်ဖွယ်ကုန်ကြမ်းတွေပါ  ရှိနေရတာလဲ။ သူ့မှာ ပန်းကန်လုံး၊ တူနဲ့ လက်ဖက်ရည်ပါရှိနေတာ။ ဒါတွေက ခရီးသွားရင်တောင် မယူသွားတတ်ကြတာ။ အခုတော့ အိမ်ပြောင်းလာတာနဲ့ ပိုတူနေပါလား။

ဟင် သူ တကယ်လို့ စားပွဲနဲ့ ကုလားထိုင်တစ်စုံပါ ဆွဲထုတ်လာရင် ငါတော့မအံ့ဩဘူး။

ဒီနောက်မှာတော့...

ယိချင်းက တကယ်ပဲ စားပွဲတစ်လုံးနဲ့ ကုလားထိုင်လေးလုံး ထုတ်လာတော့တယ်။

"..."

( ̄△̄;)

ခဏနေပါဦး - အမတကူယွဲ့တောင် ဒါက သဘာဝအကျဆုံးလိုမျိုး ထိုင်ချတယ်ပေါ့။

"စားဖိုမှူး၊ ငါ ပင်လယ်စာစားချင်တယ်"

"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ"

"..."

ဒီလိုနဲ့ တစ်နေ့ခင်းလုံး ယိချင်းတစ်ယောက် မီးဖိုချောင်ထဲကနေ ဟင်းပွဲတစ်ပွဲပြီးတစ်ပွဲ ထုတ်လာတာကို အကြောင်သား ပါးစပ်ဟကြည့်နေမိတယ်။ သူတို့ အငမ်းမရ စားနေချိန်မှာတောင် သူ့ကို ထမင်းတစ်နပ်ဝင်စားဖို့ ယဉ်ယဉ်ကျေးကျေး ဖိတ်သေး။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora