143
အခန်း ၁၄၃ ။ ကောင်းကင်အစီအရင်ခြောက်မျိုးဓား
ရွှင်ရှူးက အဝိုင်းပုံစံ စင်မြင့်နေရာရဲ့ အလယ်မှာရပ်နေတယ်။ စင်မြင့်ပေါ်မှာတော့ ရွှေရောင်သတ္တုစားပွဲလိုမျိုးရှိနေတယ်။ စားပွဲကနေ မီးတောက်နက်ကြီးတွေ တလိမ့်လိမ့်မြင့်တက်ေိလေရဲ့။ မီးတောက်ထဲ ရွှေရောင်အလင်းတန်းမျှင်လေးတွေက ခပ်ရေးရေး။
သူတို့ အနီးကပ်ကြည့်ဖို့ လျှောက်လာခဲ့ကြတယ်။ ဓားပုံရိပ်တစ်ခုက အလင်းထဲ လွင့်မျောနေပြီး ရေပွက်တွေလိုမျိုး လှိုင်းထနေတယ်။ ဘေးမှာရပ်နေတဲ့ ရွှင်ရှူးက မှင်တက်နေတဲ့ပုံ။ လုံးဝမယုံကြည်နိုင်ဟန်နဲ့ သူက တီးတိုးရေရွတ်လေရဲ့။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ဖြး်နိုင်မှာလဲ" စိတ်ပျက်လက်ပျက်နဲ့ နောက်ဆုတ်ပြီး သူက ပြုံးကာ သူ့ကိုယ်သူလှောင်ရယ်တော့တယ်။
"မအံ့ဩတော့ဘူး... မအံ့ဩတော့ဘူး ငါ့ဘိုးဘွားတွေ ဒီဓားကို ဘယ်သူမှပိုင်နိုင်ဘူးလို့ပြောခဲ့တာကို၊ အခုတော့ ဘာကြောင့်လဲ နားလည်သွားခဲ့ပြီ"
ကူယွဲ့ မီးတောက်တွေထဲက ဓားပုံရိပ်ကို လှမ်းကြည့်ပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာတယ်။ မျက်မှောင်ကြုတ်ပြီး သူ ရွှင်ရှူးကို မေးလိုက်တယ်။
"ဒါ... ကောင်းကင်အစီအရင်ခြောက်မျိုးဓားလား"
ရွှင်ရှူးပုံစံက တောင့်တင်းသွားပြီး လက်သီးဆုပ်ရင်း ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလေတယ်။
"ဒါဆို ဘယ်လိုလုပ်..." မီးတောက်ထဲက ဓားက ပုံရိပ်တစ်ခုပဲဆိုတာ အသိသာကြီး
"တံလျှပ်နတ်မှော်အတတ်ပဲ" ကူယွဲ့ စကားမဆုံးခင် ရွှင်ရှူးက စိတ်ပျက်လက်ပျက်ရှင်းပြလာတယ်။
"ဒီဓားက ပရမ်းပတာဟင်းလင်းပြင်တစ်ခုထဲ ချိတ်ပိတ်ခံထားရတာ၊ ဒါကြောင့် မြင်ရပေမဲ့လည်း ဖယ်ရှားလို့မရဘူး၊ ဒါက ဒဏ္ဍာရီတွေကပြောတဲ့ ကမ္ဘာကိုဖန်တီးနိုင်စွမ်းရှိတဲ့ဓားပဲ"
ပရမ်းပတာဟင်းလင်းပြင်ထဲ ချိတ်ပိတ်ခံထားရတာမို့ အကာအရံကိုဖောက်ထွင်းနိုင်စွမ်းရှိတဲ့လူမဟုတ်သရွေ့ ယူလို့ရမှာမဟုတ်ဘူး။
STAI LEGGENDO
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Umorismoအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...