အခန်း ၉၉ ။ သခင်နဲ့အစေခံကြားက စာချုပ်

1.2K 170 0
                                    

99
အခန်း ၉၉ ။ သခင်နဲ့အစေခံကြားက စာချုပ်

ရှန်းရင်မျက်လုံးတွေ တောက်ပသွားပါလေရော။ သူမက ကမ်းခြေဆီ လျှောက်လာပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ဝက်စာရှည်တဲ့ ငါးအမြီးကို ကောက်ယူလိုက်တယ်။ အကျင့်အတိုင်း သူမ လှည့်မေးမိလိုက်တယ်။

"ညွှန်ကြားရေးမှူး၊ နင်သိ... ဘာမှမဟုတ်တော့ဘူး" သူမ ပြန်မျိုချလိုက်တော့တယ်။

"ငါ ပင်လယ်စာအစိမ်းအတိုင်း စားနိုင်ပါတယ်"

သူမ ရိဖုန်းဆီက ယူထားတဲ့ဓားကိုမြှောက်ပြီး ငါးအမြီးကို ဆာရှိမိအဖြစ် အလွှာလွှာပိုင်းတော့တယ်။

ရိဖုန်း မျက်လုံးတွေပြူးနေပြီကို အဲအချိန်မှာ ပိုတောင်ပြူးသွားပါလေရော။ သူမ ဘာလုပ်နေတာလဲ။ တကယ်ပဲစားတော့မို့လား။

ငါလခွမ်းဟေ့

သူ တကယ်စားတော့မှာပဲ

"လာလေ၊ ငါနဲ့အတူလာစား" ရှန်းရင်က သူ့ကို လက်ယမ်းပြလာတယ်။

"..." မင်းနဲ့အတူ မစားပါဘူး အဲတော့ မင်းစောနက သူတို့က စားလို့ရလားလို့မေးတာက တကယ်ကြီး သားရဲတွေကို စားဖို့ တွေးနေတာပေါ့။

ခဏနပေါဦး

ဝိညာဉ်သခင်၊ ခင်ဗျားကရော ဘာလုပ်နေတာလဲ။ အဲပန်းကန်ပြားက ဘယ်ကရောက်လာတာလဲ။

ဘာလို့ သူ့အတွက် အသားလွှာတွေ ခင်းပေးနေတာလဲ။ ကိုယ်တိုင် သားရဲဆိုတာ မမေ့နဲ့ဦးနော်။

Σ(°△°|||)

ရိဖုန်း ခက်ခက်ခဲခဲ တည်ငြိမ်လာပြီးမှ ပြန်ပြီး ကယောင်ကတမ်းဖြစ်သွားလေတယ်။

စောနကဖြစ်ခဲ့သမျှက အိပ်မက်ပဲ။ ဟုတ်တယ် ဒါအိပ်မက်ပဲဖြစ်ရမယ် ဘယ်ကျင့်ကြံသူမှ ဝိညာဉ်သားရဲတွေကို စားစရာအဖြစ် မသတ်မှတ်ဘူး။ သတ်မှတ်ရင်တောင် သူတို့ကိုရှာဖို့ ပုံရိပ်ယောင်ပင်လယ်ထိ လာကြမှာမဟုတ်ဘူး

"ကျေးဇူးပဲ အမွေးလုံး" ရှန်းရင်က သူမအတွက် အသားလွှာတွေ ခင်းပေးပြီး ပိုပြီးစားသောက်ချင်စိတ်ဖြစ်အောင် တစီတရီလုပ်ပေးနေတဲ့ ရှေ့က လူကို ပုတ်‌လိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now