116
အခန်း ၁၁၆ ။ အသင်း၏ကျူးကျော်ခြင်း
ချွီရွှမ်းမြို့။
"ဝူတိဂိုဏ်းလား" စာရင်းသွင်းတာဝန် အမတက သူ့လက်ထဲက စာအုပ်ကို လှန်လှောကြည့်ပြီး အရှေ့မှာရပ်နေတဲ့ သုံးယောက်ကို လှမ်းကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူထုတ်ပြောလိုက်မိတယ်။
"ခင်ဗျားတို့... တကယ်ပဲ ဂိုဏ်းတစ်ခု တည်ထောင်ပြီး ဗိမာန်တစ်ခု စိုက်ထူမှာလား"
"ဟုတ်တယ်"
"မြေအမတနှစ်ယောက်တည်းနဲ့ ပြီးတော့..." မသေမျိုးက ရှန်းရင်ကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်ပေမဲ့ သူမကျင့်ကြံဆင့်ကို အဖြေမရှာနိငင်သေးဘူး။ သူ့မျက်လုံးတွေပြူးသွားပြီး မျက်နှာပေါ် မယုံကြည်နိုင်မှုတွေအထင်းသား။ သူတို့ ကြောင်နေတယ်လို့ သူတွေးနေတာ အသိသာကြီး။
သူတို့ ဂိုဏ်းထူထောင်ချင်တယ်လို့ ပြောတာက ဘာမှထူးဆန်းတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာက တစ်နှစ်ကို အနည်းဆုံး ထိပ်တန်းအမတကျောက်တုံး၂ရာ ပေးချေဖို့လိုတယ်၊ ဒါက သာမန်ဂိုဏ်းအတွက်တော့ ဘယ်လောက်မှမဟုတ်ပေမဲ့ သာမန်ကျင့်ကြံသူတွေအတွက်တော့ အများကြီးပဲ။ ဒါက လူကုံထံအသိုင်းအဝနုင်းက လူတွေ ဒါမှမဟုတ် အဆက်အသွယ်ကောင်းကောင်းရှိသူတွေပဲ ဂိုဏ်းတည်ထောင်ဖို့ စဉ်းစားမှာလို့ဆိုလိုတယ်။ ဒီလိုလူမျိုးတွေကလည်း အနည်းဆုံးတော့ စိတ်တန်ခိုးအမတွေဖြစ်နေပြီ။
သူ့ရှေ့ရပ်နေတဲ့လူသုံးယောက်မှာ နှစ်ယောက်က တက်လှမ်းကာစ မြေအမတတွေ။ သူတို့ဆီမှာ မိုးကြိုးဝဋ်ကြွေးရဲ့ အကြွင်းအကျန်တွေတောင် ရှိနေသေး။ နောက်ဆုံးတစ်ယောက်ဆို မြေအမတတောင် မဟုတ်ဘူး။ သူမကို သူတို့ အတူခေါ်လာလို့သာ ရောက်လာတာ သိသာတာပဲ။ ဒါတောင် သုံးယောက်က ဂိုဏ်းထောင်ဖို့ လုပ်နေကြတယ်။ သူတို့ချမ်းသာလွန်းလို့ ပိုက်ဆံသုံးစရာတခြားနည်းရှာမတွေ့တော့တာဖြစ်မယ်။
"ခင်ဗျားတို့... သေချာလား" သူ နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားပြီး နောက်တစ်ကြိမ် ခေါင်းည်တ်ပြလိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...