အခန်း ၁၆၉ ။ ပြိုင်ပွဲအကြိုပြင်ဆင်မှု

1.1K 155 7
                                    

169

အခန်း ၁၆၉ ။ ပြိုင်ပွဲအကြိုပြင်ဆင်မှု

အမတဘုံက သာမန်အမတမြို့တွေနဲ့ယှဉ်ရင် ကောင်းကင်အလွန်မှကောင်းကင်များက သိသိသာသာ ပိုကြီးတယ်။ လွန်ကဲတဲ့ လူသွားလမ်းတွေမရှိပေမဲ့လည်း တောင်ထွတ်တွေပေါ်မှာ နန်းတော်တွေ အများကြီးပဲ။ တိုင်းပြည်အသီးသီးကြား ပဋိပက္ခတွေဖြစ်ပွားလာမှာကို တားမြစ်ဖို့အတွက် အမတသက်တံနန်းတော်က ပြိုင်ပွဲဝင်တစ်ဖွဲ့ဝင်ချင်းစီကို တောင်ထွတ်ပေါ်က အမတနန်းတော် ထောက်ပံ့ပေးတယ်။ ရှန်းရင်တို့တွေကိုလည်း သီးသန့်အမတဗိမာန်တစ်ခုဆီ နေရာချထားပေးပြီ။ လူနည်းတာမို့ သူတို့အတွက် နန်းတော်က အတော်လေး ဗလာကျင်းနေသလိုပဲ။

သူတို့တွေ နားပြီးသိပ်မကြာခင်မှာပဲ တာဝန်ရှိအမတတစ်ယောက်က ရောက်လာတယ်။ အဇဋာဧကရာဇ်က တိုင်းပြည်အသီးသီးကို စုဝေးခိုင်စပြီး မနက်ဖြန်ကျင်းပမဲ့ပြိုင်ပွဲအတွက် အကျဉ်းချုံးပြောဖို့ ဖိတ်ကြားလိုက်ကြောင်း ပြောတယ်။ ကူယွဲ့က ယွီဟုန့်ကို မှာစရာရှိတာမှာခဲ့ပြီး ရှန်းရင်၊ ယိချင်းတို့နဲ့ တွေ့ဆုံပွဲဆီ ထွက်လာခဲ့လိုက်တယ်။

အဲတော့မှပဲ သူတို့ အမတသက်တံနန်းတော်ဆိုတာကို မြင်ဖူးတော့တယ်။ တကယ့်ကို အဇဋာဧကရာဇ်တစ်ပါးရဲ့ ဘုံဗိမာန်ဖြစ်ဖို့ထိုက်တန်ပါတယ်။ တခြားအမတဘုံဗိမာန်တွေနဲ့ ကွာခြားပြီး နန်းတော်ရဲ့နန်းဆောင်က ဖန်သားတုံးကြီးတွေနဲ့ ဆောက်ထားသလိုပဲ။ မျက်နှာကျက်တွေက မြင့်လွန်းလို့ ကောင်းကင်နဲ့တောင် ရောနေတဲ့ပုံ။ နေရောင်ခြည်က သက်တံ၇ရောင်အဖြစ်ကွဲထွက်သွားတယ်။ အချိန်နဲ့အမျှ တစ်စုံတစ်ရာက အခန်းထဲတစ်လျှောက် စီးဆင်းနေတယ်။ ကူယွဲ့ အနားကို သွားကြည့်လိုက်တော့ အမတသွေးကြောပဲ နန်းတော်ထဲ ပတ်ပတ်လည်ဝိုင်းနေတဲ့ အမတသွေးကြောတွေ အများကြီး။ ဖန်လိုနံရံတွေကတောင် မသေမျိုးချီပုံစံဖွဲ့ပြီး ဖြစ်ပေါ်လာတဲ့ပုံ။

ကူယွဲ့ရင်ခုန်သွားတယ်။ အမတသွေးကြောကို ရှာရတာခက်တယ်။ အမတသွေးကြော အပြည့်အဝတစ်ခုလုံးက သာမန်မြေအမတကနေ အဆင့်မြင့်အမတအထိ မြင့်တက်သွားစေနိုင်တယ်။ ချင်းခုံးအမတဘုံဗိမာန်ရဲ့ သခင်က ထျန်းလန်လောကကို ထပ်တလဲလဲ ဖျက်ဆီးခဲ့တုန်းက သူ့အမတသွေးကြောကို အာဟာရဖြည့်တင်းဖို့ အကောင်းဆုံးကြိုးစားနေတာမဟုတ်ဘူးလား။ ကူယွဲ့ အမတသွေးကြောတွေက ကောင်းကင်အလွန်မှကောင်းကင်များမှာ တန်ဖိုးမဲ့လွန်းမယ် မထင်ခဲ့ဘူး - အသုံးမဝင်လွန်းလို့ သူတို့ကို နံရံပေါ်က အဆင်အယင်တွေအဖြစ် သုံးကြတာပေါ့။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now