176
အခန်း ၁၇၆ ။ ဝတုတ်ပြီးအသားများ
"မင်းတို့ဘယ်သွားတာလဲ" ကူယွဲ့ လူပုံအသွင်ယူတာရှားတဲ့ မုန်လာဥဖြူကိုကြည့်လိုက်တယ်။
"ငါတို့ အနားက အမတနန်းတော်ဆီသွားပြီး အဲမှာတစ်ပတ်လောက် လျှောက်ခဲ့တာ"
လန်ဟွားက မုန်လာဥဖြူ ဘာမှမပြောနိုင်ခင် ဖြေလာတယ်။
"ဒီနေ့ပြန်လာတာစောတာပဲ၊ ပြိုင်ပွဲပြီးပြီလား"
ကူယွဲ့ သူတို့နှစ်ယောက်ကို သံသယနဲ့ကြည့်လိုက်တယ်။ သူတို့ ကောင်းကင်အလွန်မှ ကောင်းကင်များဆီရောက်တာ ရက်နည်းနည်းရှိနေပြီ။ အစကတော့ လန်ဟွားက အရမ်းကို သတိကြီးတာ။ ဘယ်သူမှ သူ့နတ်ဆိုးအသွင်ကို အာရုံမခံနိုင်တာ နားလည်ချိန်မှာတော့ လုံးဝကို လွတ်လပ်သွားတယ်။ သူက တပည့်တွေ သွားပြိုင်တိုင်း ကျန်ခဲ့တဲ့ကလေးတွေနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့ အခွင့်အရေးယူတယ်။ သူတို့ လျှောက်စူးစမ်းလေ့လာဖို့သွားရင်းနဲ့ ဆက်ဆံရေးက ကောင်းသထက်ကောင်းလာတာပဲ။
"အော်ဟုတ်သား မမလေး" မုန်လာဥဖြူက တစ်ခုခုကို သတိရသွားတဲ့ပုံ။ သူက သိုလှောင်အိတ်ကို ထုတ်ပြီး တလေးတစား ကမ်းပေးလာတယ်။
"မမလေးအတွက် ယူလာပေးတာ"
အုပ်စု ။ ။ "..." နင်တို့သောက်ကျိုးနည်း လေ့လာရေးခရီးထွက်သွားကြတာလား။
ရှန်းရင်ကတော့ ဒီဟင်းသီးဟင်းရွက်ကို မ,lတာ အသိသာကြီး။ သူမက အိတ်ကိုမယူဘဲ ကူယွဲ့ကယူလိုက်တယ်။
"ဒါဘာလဲ"
"အသားလေ" မုန်လာဥဖြူက ဂုဏ်ယူဝင့်ကြွားစွာ ဖြေလာတယ်။
"ဖမ်းဖို့အချိန်အကြာကြီးယူခဲ့ရတာ"
ကူယွဲ့က အိတ်ကိုယူပြီး အထဲလက်လှမ်းလိုက်တယ်။
"ဘာအသား..." သူစကားမဆုံးခင် အိတ်ထဲကနေ ညည်းသံကြားလိုက်ရတယ်။ လေတစ်ချက်တိုက်သွားပြီး အဖြူအမည်းအရာတစ်ခုက သူ့မျက်နှာကိုလာမှန်တယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဒါ...။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...