အခန်း ၃၉။ ဆန်းကြယ်ဘုံဆီသို့

1.5K 197 7
                                    

Myanmar Translation of [师父又掉线了] By [尤前]
ဘာသာပြန်သူ - TJ

အခန်း ၃၉။ ဆန်းကြယ်ဘုံဆီသို့

“မင်းက ဓားကျင့်ကြံသူပဲ” ခရီးသွားမသေမျိုးက အံ့ဩသွားတယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း အဆင့်ကို တတ်နိုင်တဲ့ကျင့်ကြံသူတစ်ယောက်။ သူ့ရဲ့ဖြုံလောက်တဲ့စွမ်းအားကိုခံနိုင်ရည်ရှိတယ်ဆိုတဲ့ အချက်က ဒီကျင့်ကြံသူက ဓားကျင့်ကြံသူတစ်ယောက်ဆိုတာကို ပြသနေတာပဲ။

“ဟုတ်တယ်” ကူယွဲ့ကပြောပြီး သတိထားစိတ်က ပိုတိုးလာတယ်။

“ဂိုဏ်းတူအစ်ကို ချင်းလန်” ချင်းယင်က ရှေ့တစ်လှမ်းတိုးပြီး စကားပြောမလို့ ကြည့်လိုက်တယ်။

“ထားလိုက်တော့” ခရီးသွားမသေမျိုးက ဖြတ်ပြောလိုက်တယ်။ "သတင်းက ပျံ့နေပြီးပြီ။ ငါတို့တွေ လူတွေဝင်မှာကို မတားနိုင်တော့ဘူး။ မင်းတို့အားလုံးအသက်စွန့်စားရနိုင်ခြေ ရှိတယ်ဆိုတာ ဒီနေရာမှာပဲ သတိပေးပြီးပြီ။ အခုကစပြီး မင်းတို့ပေါ်မင်းတို့ပဲ မူတည်တယ်”

ချင်းယင်က ဆိုးယုတ်တဲ့အပြုံးပြုံးလိုက်ပြီးတော့ သူ့စိတ်ထဲမှာ အတွေးတစ်ခုကပေါ်လာတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူတွေပဲ လျှို့ဝှက်ဆန်းကြယ်ဘုံထဲကို ဝင်နိုင်မှာ။ တစ်ခြားဂိုဏ်းက ကျင့်ကြံသူတွေက စိတ်ကျေနပ်ရင်ဝင်ပေါ့။ ဝင်လို့ရတယ်။ ကြောက်ဖို့ကောင်းတဲ့သားရဲတွေက ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံထဲ နေရာအနှံ့ရှိနေတာ။ မင်းတို့တွေ ကျင့်ကြံသူတွေ ဘယ်လောက်များများဆုံးရှုံးချင်လဲဆိုတာ ကြည့်တာပေါ့”

“နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူတွေပဲဝင်နိုင်တယ်လား” ရှီချိုးက ပြန်ပြောလိုက်ပြီး အံ့ဩမှုကြောင့် သူ့မျက်လုံး ပြူးကျယ်သွားတော့တာပဲ။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲဝင်ဖို့ လူတစ်ယောက်က အနည်းဆုံး နတ်ဝိညာဉ်တည်အဆင့်မှာရှိရမယ်။ မဟူရာကောင်းကင်ဂိုဏ်းထဲမှာ နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူ မချို့တဲ့ပေမဲ့ ထျန်းလျန်လောကမှာ ပိုတောင်ရှိဦးမယ်။ နတ်ဝိညာဉ်တည်အဆင့်တွေက ဝင်နိုင်တယ်ဆိုပေမဲ့ သူတို့တွေက လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာတော့ အဆင်မပြေလောက်ဘူး”

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora