အခန်း ၆၅။ ဂိုဏ်းထဲတရားဝင် ဝင်ရောက်ခြင်း

1.3K 192 2
                                    

65 အခန်း ၆၅။ ဂိုဏ်းထဲတရားဝင် ဝင်ရောက်ခြင်း

လတ်တလော အထက်ထျန်းလျန်လောကမှာ ကိစ္စကြီးတစ်ခုဖြစ်သွားတယ်။ နတ်ဝိညာဉ် ဖြစ်ပေါ်ခြင်း မိစ္ဆာကျင့်ကြံသူ ယွီမုန့်က အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းက ပြန့်နေတာ။ လူတွေအများကြီးကို သတ်ခဲ့တဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့ မိစ္ဆာကျင့်ကြံသူ ငယ်သားတွေတောင် မရှိတော့ဘူး။ ကောင်းကင်ဖြတ်တောက်ချောက်ကမ်းပါးနဲ့ အထက်တန်းလွှာမိသားစုတွေကတောင်  ပြဿနာမရှာနိုင်ခဲ့ကြတဲ့ မိစ္ဆာသားရဲတွင်း ကောင်းကင်ဖြတ်တောက်ခြင်း ချောက်ကမ်းပါးက ညတွင်းချင်း သုတ်သင်ခံလိုက်ရတာ။

ကောင်းကင်ဖြတ်တောက်ခြင်းချောက်ကမ်းပါးက ခုခံဖို့အင်မတန်လွယ်ပြီး တံလျှပ်ပင်လယ်နယ်စပ်မှာ ရှိနေတာ။ အဲ့ဒီမှာ ယင်ချီတွေက အမြဲတမ်းပြင်းထန်ပြီး ဘယ်တော့မှ မပျောက်ကွယ်သွားဘူး။ မိစ္ဆာသားရဲတွင်းအပြင်ဖက်မှာတည်ဆောက်ထားတဲ့ မဟာအစီအရင် အခင်းအကျင်းယင်က အမတကျင့်ကြံသူတွေကို အထူးတလည်ဖယ်ရှားဖို့ပဲလေ။ မင်းဆွေမင်းမျိုး မိသားစုလေးစုနဲ့ အမတဂိုဏ်းတွေက မိစ္ဆာသားရဲတွင်းကို ဖျက်ဆီးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ယင်ချီက သူတို့ကို မဖျက်ဆီးနိုင်အောင် ဟန့်တားခဲ့တာ။ သူတို့တွေက ကောင်းကင်ဖြတ်တောက်ခြင်း ချောက်ကမ်းပါးထိပ်ကို မရောက်ခင်မှာတောင် အမြဲတမ်းနောက်ဆုတ်ဖို့ ဖိအားပေးခံရတယ်။ အချိန်ကြာလာတာနဲ့အမျှ မိစ္ဆာကျင့်ကြံသူတွေက ချောက်ကမ်းပါးကို သူတို့အိမ်လုပ်လိုက်ကောပဲ။ ဒါက မိစ္ဆာသားရဲတွင်းဖွဲ့တည်လာတဲ့ပုံလေ။

သားရဲတွင်းက အသံတစ်ချက်မှ မထွက်ဘဲပျောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကောင်းကင်ဖြတ်တောက်ခြင်းချောက်ကမ်းပါးနားမှာ ရစ်ဝဲနေခဲ့တဲ့ ယင်မဟာအစီအရင်ကတောင် ပျောက်ကွယ်သွားတာ။

မိစ္ဆာသားရဲတွင်းကို ဘယ်သူဖြေရှင်းလိုက်လဲဆိုတာ ဘယ်သူမှ အတိအကျမသိဘူး။ အားလုံးက ကောင်းကင်ဖြတ်တောက်ခြင်းချောက်ကမ်းပါးရဲ့ ကျောက်နံရံထိပ်မှာချန်ထားခဲ့တဲ့ စကားတစ်ခွန်းနဲ့သက်ဆိုင်နေတယ်ဆိုတာပဲသိတယ်။ ‘ပြိုင်ဖက်ကင်းခြင်း’ ဒါက ဝူတိမြို့ထဲမှာ ပြောနေကြတဲ့စကားလေ။ မင်းဆွေမင်းမျိုးမိသားစုလေးစုက နောက်ဆုံးတော့ ကောင်းကင်ဖြတ်တောက်ခြင်း ချောက်ကမ်းပါးရဲ့ ရန်စမှုကို ဖယ်ရှားနိုင်ခဲ့ပြီ။ ဒါကြောင့် သူတို့တွေက အတော်ဆုံးခရီးသားမသေမျိုးတွေကိုခေါ်ပြီး အင်အားနဲ့မိစ္ဆာသားရဲတွင်းကို ဖြေရှင်းခဲ့တာလို့ဆိုတယ်။ တချို့ကတော့ မိစ္ဆာသားရဲတွင်းက မဟာမိစ္ဆာတွေကို ရန်စခဲ့မိတာလို့ဆိုတယ်။ မိစ္ဆာတွေက ယင်ချီသက်ရောက်မခံရတာကြောင့် အဲ့ဒီမိစ္ဆာကောင်တွေကို ဖယ်ရှားနိုင်တယ်လေ။ တခြားသူတွေပြောကြတာကတော့ ရွက်ပုန်းသီး သိုင်းပညာရှင်တစ်ချို့က ကောင်းကျိုးဆောင်ရွက်ပြီး ဝူတိဆိုတဲ့စကားလုံးက မိစ္ဆာကျင့်ကြံသူတွေကို သတိပေးတာလို့ဆိုတယ်။ ဒါမှသူတို့မလှုပ်ရှားရဲတော့မှာ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now