အခန်း ၁၀၆ ။ အတင်းအကြပ် ဝန်ခံခိုင်းခြင်း

1.2K 168 1
                                    

106
အခန်း ၁၀၆ ။ အတင်းအကြပ် ဝန်ခံခိုင်းခြင်း

"ဘာ... ဘာတွေဖြစ်နေတာလဲ" ကူယွဲ့ ကနဦးထိတ်လန့်တာကနေ ပြန်မသက်သာသေးဘူး။ သူထရပ်ဖို့လုပ်ပေမဲ့ သူ့ခြေထောက်က ကီလိုဂရမ်ထောင်ချီ လေးနေသလိုပဲ။ သူ လုံးဝမရွှေ့နိုင်တော့ဘူး။

"ဆရာ" ယိချင်းက အမြန် သူတို့ဆီလျှောက်လာပြီး ကြမ်းပြင်ကလူကို ကြည့်လိုက်တယ်။

"ဒါ... ဘယ်သူလဲ" မိုးကြိုးဝဋ်ကြွေးချေခြင်း ဖြစ်ရမဲ့နေရာကနေ ဘာလို့ပြုတ်ကျလာရတာလဲ။

"မသိဘူး၊ ဒါပေမဲ့..." ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။

"နောက်ဆုံးလျှပ်စီး၂ကြောင်းက သူ့ဆီကပဲ"

"သူလား၊ ဒါပေမဲ့ အဲဒါတွေက ကောင်းကင်တာအိုက ခရမ်းရောင်ဆည်းဆာကောင်းကင်လျှပ်စီးရဲ့ မိုးကြိုးတွေလေ၊ လူတစ်ယောက်က ဘယ်လိုလုပ်..." သူက တစ်ခုခုကို ရုတ်တရက် တွေးမိသွားသလိုမျိုး အသံတဖြည်းဖြည်းတိမ်ဝင်သွားတယ်။

သူက လူစိမ်းရဲ့ အရှိန်အဝါကို လေ့လာပြီး အမူအရာက ပျက်ယွင်းသွားတယ်။

"ခင်ဗျားက အထက်လောကက မသေမျိုးပဲ"

လူတိုင်း မှင်တက်ကုန်ကြတယ်။ သူတို့ သေချာကြည့်လိုက်တော့ သူ့ကိုယ်က တကယ်ပဲ မသေမျိုးချီတွေ ဝိုင်းနေတာ မြင်လိုက်ရတယ်။

"ဖွီ၊ ငါက အထက်လောကကဆိုတာ သိတာကို နောက်မဆုတ်သေးဘူးလား" ဒီလူ ဒေါသထွက်နေတာ အသိသာကြီး။ သူ့ပတ်လည်က လူတွေကို ဖိနပ်ခုံအောက်က အညစ်အကြေးတွေလိုမျိုး ကြည့်တော့တယ်။

"မင်းမိန်းမယုတ်၊ ငါ့ပေါ် ဘာဂါထာတွေ သုံးထားတာလဲ" သူ ခါချလို့မရဘူး။

ရှန်းရင်ကတော့ မလှုပ်ဘူး။ သူ့ပေါ်ရပ်ပြီး ပခုံးပေါ် ခြေတစ်ဖက်တင်ထားလိုက်တယ်။ ကူယွဲ့ သူ့ရဲ့ အဖွတ်ဖွတ်ကြေနေတဲ့ ခန္ဓာကိုယ်ကို ကြိုးစားဣန္ဒြေဆည်ပြီး မေးလိုက်တယ်။

"ခင်ဗျားက မသေမျိုးဆိုရင် ဘာလို့ ကျုပ်တက်လှမ်းမှာကို တားဆီးဖို့ ကြိုးစားရတာလဲ"

"ဖွီ" အဲလူက လှောင်ပြီး အုပ်စုကို ပိုပြီးတောင် အထက်စီးကနေ ကြည့်တော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now