147
အခန်း ၁၄၇ ။ သက္ကတနက်နဲအဆိပ်ရှန်းရင် သူမရဲ့ဘယ်နဲ့ညာကို လှည့်ကြည့်လိုက်တော့ အနားကလူတွေက သူမရှိမနေသလိုပြုမူနေတာ မြင်လိုက်ရတယ်။ သက်ပြင်းချပြီး ခန္ဓာကိုယ်ဆီ ပြန်မို့ရှိသေး နားထဲမှာထူးဆန်းတဲ့ အသံကြားလိုက်ရတယ်။
ဒါက အသံတိုးတိုးလေး၊ ခွဲခြားလို့မရသလောက်နီးပါးပဲ။ သူမ ရပ်ပြီး တစ်ခဏစဉ်းစားပြီးတော့ တံခါးအပြင်ဆီ လွင့်မျောလာခဲ့တယ်။
အိမ်ထဲကလူတိုင်း ဘာဖြစ်နေလဲ လုံးဝမသိကြဘူး။
ယိချင်းမျက်နှာမှာ စိုးရိမ်မှုအပြည့်။ စိတ်ပူပန်စွာနဲ့ သူ ရွှင်ရှူးဘက်လှည့်မေးလိုက်တယ်။
"ကျုပ်တို့ ဆရာ့ကိုဘယ်လိုနှိုးလို့ရမလဲ"
"သူမရဲ့ ကောင်းကင်စိတ်အာရုံက ခန္ဓာကိုယ်ကနေ ထွက်သွားရုံပါ၊ စိုးရိမ်စရာတော့မရှိဘူး" ရွှင်ရှူးက တစ်ခုခုကို စဉ်းစားနေပြီးတော့ ဆက်ပြောတယ်။
"သူနိုးလာဖို့ ကောင်းကင်စိတ်အာရုံ ပြန်ရောက်လာမှာကို စောင့်ရုံပဲရှိမယ်၊ မဟုတ်ရင် ဂါထာသုံးခဲ့တဲ့သူကို ရှာလို့ရတယ်"
"ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံက ခန္ဓာကိုယ်ကနေ ထွက်သွားရင် ပုံမှန်ဆို မိုင်ထောင်ချီ သွားလာကြတာလေ၊ သူပြန်လာမှာကိုသာ စောင့်မယ်ဆိုရင်..."
အဲအချိန် ရှန်းရင်ကို သိတဲ့လူတွေကတော့ သူမရဲ့ အရပ်မျက်နှာဦးတည်ချက်အသိချို့တဲ့တာကို ရုတ်တရုတ် သတိရသွားခဲ့တယ်။ သူတို့မျက်နှာတွေ ပျက်ယွင်းသွားပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်တဲ့အကြည့်ချင်းဖလှယ်လိုက်မိကြတယ်။
"ဟာ့ ငါတို့ ဂါထာသုံးတဲ့လူကို ဘယ်မှာရှာရမလဲ ဆွေးနွေးတာ ပိုကောင်းမယ်" ကူယွဲ့ နှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားတယ်။
"ဒီခြောက်လအတွင်း ရှန်းရင် ဝူတိဂိုဏ်းအပြင် ခြေတစ်လှမ်းတောင် မထွက်ခဲ့ဘူး" ဟုတ်တာပေါ့၊ ဘယ်အပြင်လူမှလည်း ဂိုဏ်းထဲခြေမချခဲ့ဘူး။ ဘယ်သူကများ သူမအပေါ် ဂါထာသုံးသွားခဲ့တာလဲ။
"အနီးကပ်လုပ်စရာမလိုဘူး" ရွှင်ရှူးရှင်းပြလိုက်တယ်။
"ဒီဝိညာဉ်ထွက်ခွာသိုင်းက အရမ်းကိုရိုးရှင်းတယ်၊ လူကိုတိုက်ရိုက်လုပ်စရာမလိုဘူး၊ အဆောင်၊ လက်နက် ဒါမှမဟုတ် မသေမျိုးချီပါတဲ့ဘာမဆိုနဲ့ တွဲကပ်နိုင်တယ်၊ သေချာစဉ်းစားကြည့် သူပြန်မရောက်ခင် သူစိမ်း၊ ဒါမှမဟုတ် ထူးဆန်းတဲ့ပစ္စည်းနဲ့ အထိအတွေ့ရှိခဲ့လား"
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...