177
အခန်း ၁၇၇ ။ တိုက်ကြီး၂ခုကြားမှ တိုက်ပွဲ
"ဟင့်အင်း... ဟင့်အင်း ကျေးဇူးပါ" ချန်ကောက တုံ့ဆိုင်းနေတယ်။ သူက ကူယွဲ့ရဲ့ ရုတ်တရက်ယဉ်ကျေးမှုကြောင့် သံသယဝင်နေမိတယ်။ ဒါပေမဲ့ တယဉ်တကျေးတော့ ပြုံးပြလိုက်တာပေါ့။
"အဆင့်မြင့်အမတကူယွဲ့ကတော့ နောက်နေတာပဲဖြစ်ရမယ်၊ လင်အာက ကျင့်ကြံဆင့်နိမ့်သေးပေမဲ့ အမတဖြစ်နေပြီဆိုတော့ အဲလောက်အလွယ်လေး နေထိုင်မကောင်း မဖြစ်ပါဘူး၊ ဒါက တခြားတိုက်ကြီးက အမတတွေနဲ့ ပြိုင်ပွဲဝင်ရလို့ စိတ်လှုပ်ရှားနေတာကြောင့်ဖြစ်မှာပါ"
သူက ဟွေ့လင်ကို အားပေးတဲ့အကြည့်နဲ့ လှည့်ကြည့်လိုက်တယ်။ ဟွေ့လင်က မတုံ့ပြန်။ အဲအစား ဖြူဖျော့သွားပြီး သွေးပျက်နေတဲ့ပုံ။ သူမ ကြည့်ရတာ မပြောဘဲ ထိန်းထားရတဲ့ကိစ္စ တစ်သန်းနဲ့တစ်ခု ရှိနေသလိုမျိုးပဲ။
ဒါက ချန်ကော သူမဒီလောက်စိတ်ရှုပ်နေတာကို မြင်ရတာ ပထမဆုံးအကြိမ်မို့ မနေနိုင်ဘဲ ပြောလိုက်မိတယ်။
"လင်အာ၊ သာမန်ပြိုင်ပွဲလို့ပဲယူဆ၊ မင်းတိုက်နေကျအတိုင်းပဲတိုက်ရင် အဆင်ပြေသွားလိမ့်မယ်၊ မင်းဆရာက မင်းကိုယုံပြီးသား၊ သိပ်ပြီးစိတ်မဖိစီးနဲ့"
"... ဟုတ်ကဲ့ ဆရာ" သူမကပိုပြီးတောင် ဖြူဖျော့လာတယ်။ ပြိုင်ပွဲကနေ ထွက်လို့ရမလားကို ဘယ်လိုမေးရမလဲ မသိတော့ဘူး။
"အရှင်မင်းကြီးပြောတာ အဓိပ္ပာယ်ရှိတယ်" ကူယွဲ့က မျက်လုံးတွေ ကွေးသွားတဲ့အထိ ပြုံးဖြီးသွားတယ်။ သူက ဟွေ့လင်ကို လှမ်းကြည့်ပြီးတဲ့နောက် တပည့်တွေကိုလှည့်ကြည့်လိုက်တယ်။
"မင်းတို့ ကြားလိုက်လား၊ ပုံမှန်အတိုင်းပဲ တိုက်ကြ၊ မင်းတို့ကိုယုံတယ်"
သူ့နောက်က တပည့်ငါးယောက်က ပြန်ဖြေတယ်။
"ဟုတ်ကဲ့အကြီးအကဲ"
သူတို့အသံက ခန်းမထဲ ပဲ့တင်ထပ်သွားခဲ့တယ်။ ဟွေ့လင် ရုတ်တရက် တုံ့ဆိုင်းမှုနဲ့ သံသယတွေကို ဖိချုပ်နေရတယ်။ မျက်နှာအမူအရာလည်း ပိုပြီးပျက်ယွင်းလာတာပေါ့။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...