အခန်း ၁၅၄ ။ ဝတ္ထုထဲနေခြင်း

1.1K 171 0
                                    

154

အခန်း ၁၅၄ ။ ဝတ္ထုထဲနေခြင်း

"ဒီအသေးစိတ်တွေကို ဂရုမစိုက်စမ်းပါနဲ့"

"အသေးစိတ်တွေမှာ ပြဿနာရှိလို့လား"

ကူယွဲ့က ပေါက်ကွဲတော့တယ်။ ဒီခန္ဓာကိုယ်အမျိုးအစားက သေချာပေါက်ပြဿနာပဲ။ သူ ဘယ်လိုလုပ် ဒီကလေးကို ပြန်ခေါ်လာနိုင်ရတာလဲ။

"မဖြစ်နိုင်တာ ငါသဘောမတူဘူး"

"ဘာလို့လဲ"

"ငါတကယ်ရှင်းပြရမှာလား" သူ သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

"သူ ငါတို့ကို ပြဿနာဘယ်လောက်သယ်လာမလဲဆိုတာ မပြောနဲ့ဦး၊ သူ့ဝိညာဉ်ကြောကိုက နဂိုအခံအားနည်းတာ - ခန္ဓာကိုယ်နဲ့လေ့ကျင့်ဖို့ လုံးဝမသင့်တော်ဘူး၊ သူ တခြားလူတွေနဲ့ ဘယ်လိုလေ့ကျင့်လို့ဖြစ်မလဲ၊ သူ ခန္ဓာကျင့်ကြံသူလုပ်ဖို့ကို မေ့တောင်ထားလို့ရ..."

သူ ပြောနေရင်း တစ်ခုခုကို သတိရသွားသလိုမျိုး ရပ်သွားတယ်။ ကူယွဲ့က ကလေးကို လှည့်ကြည့်ပြီးတော့ ဂိုဏ်းထဲက ဝတ်ရုံစိမ်းနဲ့အရုပ်မကို လှမ်းကြည့်လိုက်တယ်။ ခဏနေပါဦး။ ဘာလို့ ဂိုဏ်းထဲ စံနှုန်းအနေနဲ့ ခန္ဓာကျင့်ကြံသူတွေအကြောင်းပဲ တွေးနေမိတာလဲ။ သူ ဝူတိဂိုဏ်းထဲက ခန္ဓာကျင့်ကြံသူကျိန်စာကို ချိုးဖောက်ဖို့ ရည်ရွယ်ထားတာမဟုတ်လား။ ဒါက ပြီးပြည့်စုံတဲ့အခွင့်‌အရေးပဲလေ။

ရေဝိညာဉ်ကြောတွေက ဓားကျင့်ကြံမှုအတွက် မသင့်တော်ပေမဲ့ ဟင်္သာပြဒါးကျင့်ကြံမှု၊ လက်ဖွဲ့အဆောင်ကျင့်ကြံမှု၊ သားရဲလေ့ကျင့်မှုနဲ့ မန္တန်လေ့ကျင့်မှုတွေအတွက်တော့ သင့်တော်တယ်။ သဘာဝယင်အမျိုးအစား ခန္ဓာကိုယ်က ပြဿနာများနိုင်ပေမဲ့ အမတဘုံကတော့ မသေမျိုးချီ ချို့တဲ့တဲ့သေမျိုးဘုံလောက် မဆိုးဘူး။ ပြီးတော့ သူတို့နဲ့အတူ cheat ရှန်းလည်းရှိတယ်လေ။ ကလေးကို စောင့်ရှောက်မှာပဲ။

ဒါကြောင့်... ဂိုဏ်းအတွင်း ပြောင်းလဲမှုလုပ်ဖို့အတွက် သူ ကလေးကိုလက်ခံဖို့ပဲရှိတော့တာပေါ့။ 

"ကလေး မင်းဂါထာမန္တန်တွေ အစီအရင်တွေ လေ့ကျင့်ဖို့ ဆန္ဒရှိလား" သူ အမြန် ထပ်ဖြည့်ပြောလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now