အခန်း ၆၆။ ဘာသာရပ်အားလုံး၏ဆရာ

1.4K 193 2
                                    

66
အခန်း ၆၆။ ဘာသာရပ်အားလုံး၏ဆရာ

ညဘက်။

ရှန်းရင် အိပ်ဖို့  ဖြားယောင်းမှုကို မတွန်းလှန်နိုင်တော့ဘဲ တဖြည်းဖြည်း မျက်ခွံတွေ လေးလံလာခဲ့တယ်။ ဒါပေမဲ့ သူမ အိပ်ပျော်တော့မဲ့ဆဲဆဲမှာတင် ရုတ်တရက် ဖျတ်ခနဲမျက်လုံးပြူးပြီး ပြတင်းပေါက်အပြင်မှာ တောက်ပနေတဲ့လရောင်ကို ဖျတ်ခနဲ လှမ်းကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်တယ်။ သူမ ရွေးစရာမရှိဘဲ နေရာကနေ ထလိုက်ပြီး ညာဘက်က ပြတင်းပေါက်ကို တွန်းဖွင့်ကာ အဲဒီအပြင်ဘက်မှာ တိုင်လျိုးမတ်မတ်ရပ်နေတဲ့ လူဆီ စကားလှမ်းပြောလိုက်တယ်။

"စားဖိုမှူး နင် အဲနေရာမှာ ဘယ်လောက်ကြာတဲ့ထိ ရပ်နေဖို့ ရည်ရွယ်ထားတာလဲ"

ယိချင်းက တုံ့ဆိုင်းသွားပြီး ချက်ချင်း ပိုတောင် မတ်မတ်ရပ်သွားကာ တလေးတနက်ဖြေကြားလာတယ်။

"ဆရာ စိတ်ချပါ၊ ကျွန်တော် ဒီနေရာကို ကောင်းကောင်း ကာကွယ်စောင့်ရှောက်မှာပါ၊ ဘယ်သူမှ ဆရာ့ကို ထပ်လာမနှောင့်ယှက်စေရပါဘူး" သူ့မျက်စိရှေ့မှာတင် သူမကို လာအလစ်သုတ်ရဲဦးမဲ့သူ ရှိနေသေးမယ်လို့တော့ မယုံဘူး။

"ဟင်း၊ ရှောင်ဟုန်တို့ကို ဂိုဏ်းထဲ တရားဝင်လက်ခံပြီးပြီလေ၊ အဲတော့ သူတို့က ဒီကိုညဘက်ကြီး လာတော့မှာ မဟုတ်ပါဘူး"

"ဆရာ လူတစ်ယောက်ရဲ့ နှလုံးသားဆိုတာ အမြဲခန့်မှန်းရခက်သလို ဆိုးယုတ်ပါတယ်၊ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် သတိထားဖို့လိုတယ်" သူက  အတည်ပေါက်ကြီး ဆက်ပြောလာတယ်။

"အရင်က ဆရာပြန်ပေးဆွဲခံရတာ တပည့်အပြစ်ပါ၊ တတိယတစ်ကြိမ် ဒီလိုအမှားမျိုး အဖြစ်မခံတော့ဘူး"

"ဒါပေမဲ့ ငါ့ပြတင်းပေါက်မှာ နေ့တိုင်းရပ်တာက ဖြေရှင်းချက်မဟုတ်ဘူးလေ၊ နင် မနက်စာပြင်ဖို့ မနက်စောစော ထရသေးတယ်မလား"

"ဆရာ မစိုးရိမ်ပါနဲ့၊ တပည့်က မပင်ပန်းပါဘူး"

ဒါပေမဲ့ ငါကတော့ပင်ပန်းတယ်လေ!

ရှန်းရင် နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်တယ်။ ပထမဆုံးအကြိမ် သူ့စားဖိုမှူးက ဘယ်လောက်တောင် ခေါင်းကြောမာလဲ သဘောပေါက်သွားခဲ့တော့တယ်။ သူမ ပြတင်းပေါက်နေ ခုန်ထွက်ပြီး ဘေးကထိုင်ခုံဆီ ဆွဲခေါ်သွားလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now