အခန်း ၁၅၃ ။ ထမင်းစားသူ

1K 168 1
                                    

153

အခန်း ၁၅၃ ။ ထမင်းစားသူ

ငါးရက်အကြာမှာ ရှန်းရင် သက်တန့်ညီအစ်မတွေ ပြင်ပေးတဲ့နေ့လယ်စာကို စားပြီး စားပွဲမှာ အဆာပြေစား‌နေမိတယ်။ စားစရာက စားဖိုမှူးလက်ရာလောက်မကောင်းပေမဲ့ မဆိုးဘူး။ သူမ စားစရာထပ်လုပ်ခိုင်းရမလား စဉ်းစားနေတုန်းရှိသေး ပုံရိပ်တစ်ခုက သူမရှေ့ကမြေကြီးပေါ် ဆင်းသက်လာတယ်။

"ဆရာ"

"ဟယ် စားဖိုမှူး" ရှန်းရင် အံ့ဩတကြီးဖြစ်သွားတယ်။ သူမရှေ့က အဆာပြေမုန့်ကို တွန်းဖယ်ပြီး မစားရသေးသလိုမျိုးလုပ်လိုက်တယ်။

"နင်ပြန်လာပြီပဲ"

"ဆရာ... အဆင်ပြေရဲ့လား" ယိချင်း စားပွဲပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးကိုစိုက်ကြည့်ရင်း မျက်တောင်မခတ်ရဲဖြစ်နေတယ်။

"ဟမ်" သူမက တန့်သွားတယ်။ "ဘာဖြစ်မှာ-"

သူမ စကားမဆုံးခင် ယိချင်းက သူမဘေး ဖျတ်ခနဲပြေးလာတယ်။ သူမလက်သီးဆုပ်ပြီး နောက်အခိုက်အတန့်မှာတင် ယိချင်းရင်ခွင်ထဲ ရောက်နေတာ သိလိုက်ရတယ်။ အာ... နည်းနည်းကြပ်နေသလိုပဲ။

သူမ သူ့ကိုဘေးတွန်းထုတ်ဖို့လုပ်ပေမဲ့ သူမနားထဲ ခပ်တိုးတိုးရှိုက်သံကြားလိုက်ရတယ်။

"အဆင်ပြေတယ်ပေါ့... တော်သေးတယ်... တော်သေးတယ်"

"အာ..." ဘာတွေဖြစ်နေတာလဲ။

"စားဖိုမှူး၊ နင်... ဟဲ့ စားဖိုမှူး စားဖိုမှူး"

ရှန်းရင် မေးခွန်းမထုတ်နိုင်ခင် သူမကို စောနလေးကတင် အသေဖက်ထားတဲ့လူက ရုတ်တရက် မြေကြီးပေါ် လျှောကျသွားတယ်။

"ဟဲ့ဟဲ့ဟဲ့ နင်အဆင်ပြေရဲ့လား" သူမ သူ့ကို အချိန်မီ ဆွဲဖမ်းလိုက်တော့ သူက မေ့နေပြီ။ နောက်တော့ သူ့တစ်ကိုယ်လုံး သွေးတွေ၊ ဒဏ်ရာတွေနဲ့ဖုံးနေတာ သတိထားမိလိုက်တယ်။ သူ့ပုံစံက လုံးဝ စိတ်မချမ်းမြေ့စရာ။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ စားဖိုမှူးကို မတွေ့တာ ခဏလေးပဲရှိသေးတာကို - ဘယ်လိုလုပ် အဲလောက်တောင် စုတ်ပြတ်သွားတာလဲ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now