အခန်း ၁၇၁ ။ ကံကောင်းမှုနှင့် ပေါကြွယ်ဝမှု

1.3K 190 10
                                    

171

အခန်း ၁၇၁ ။ ကံကောင်းမှုနှင့် ပေါကြွယ်ဝမှု

ရှန်းရင်တို့တွေ အကြာကြီး မစောင့်လိုက်ရဘူး။ တစ်မိနစ်လောက်နေတော့ ဝင်ပေါက်ကနေ မသေမျိုးချီတွေ အလိမ့်လိုက်ဝင်လာပြီး ပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာတယ်။ ခန်းမထဲမှာတော့ အမတတွေအားလုံး ထရပ်ပြီး ဂါရ၀ပြုကြ‌တာပေါ့။

"နှုတ်ခွန်းဆက်သပါတယ် အဇဋာဧကရာဇ်"

ဆံပင်အနက်၊ ဝတ်ရုံအဖြူနဲ့ အမျိုးသားတစ်ယောက် ခန်းမထဲ ဝင်လာတယ်။ သူ့ပတ်လည်က မသေမျိုးချီက ဒီရေလိုတက်လိုက်ကျလိုက်။ အတော်လေးကြည့်လို့ကောင်းတယ်။ မုန်လာဥ၊ ရွှင်ရှူးလို အထင်ကြီးရလောက်တဲ့ထိ မဟုတ်ပေမဲ့ ပုံမှန်ဆိုကြည့်ကောင်းတယ်လို့ စဉ်းစားနိုင်တဲ့ အမတဘုံမှာ သူက ကြည့်ကောင်းတဲ့လူထဲ ပါသေးတယ်။ သူ့ ကျယ်ပြန့်ပြီး ကြင်နာတဲ့ မျက်နှာက စည်းကမ်းတင်းကြပ်ပြီး ခက်ထန်တဲ့အမူအရာနဲ့။ နဉ်ဇီအန်းဘဝတုန်းက ရှိခဲ့တဲ့ တက်ကြွဝမ်းမြောက်မှုက ပျောက်ဆုံးသွားပြီ။ အခု သူက အဇဋာဧကရာဇ်ချန်ကော လုံးလုံးဖြစ်သွားတယ်။

ချန်ကောက လူအုပ်ကြီးကို ကြည့်ပြီး ခေါင်းကိုညိတ်ကာ ခန်းမထဲက ထိပ်ဆုံးခုံဆီ လျှောက်လာတယ်။ အဆာသွတ်မုန့် စားနေဆဲ ရှန်းရင်ဘေးက ဖြတ်သွားချိန် သူရပ်လိုက်တယ်။ ဧကရာဇ်တွေအားလုံး မတ်တတ်ထရပ်ပြီး သူ့ကိုဂါရ၀ပြုကြပေမဲ့ သူမကတော့ထိုင်လျက်သား။ ဘယ်သူမှ ဒါကို သတိထားမိတဲ့ပုံ မပေါ်ဘူး။

"ဂိုဏ်းချုပ်ရှန်း မတွေ့တာကြာပြီနော်" ချန်ကောက သူမရှေ့ရပ်ပြီး ဒီပုံမှန်မဟုတ်တဲ့ဆက်ဆံ‌မှုကို စိတ်အနှောင့်အယှက် မဖြစ်သလိုမျိုး ပြုံးပြလာတယ်။

"ခရီးလမ်းချောမွေ့ခဲ့ရဲ့လား"

"အာ" သူမပါးစပ်ထဲ အဆာသွတ်မုန့်တွေ ပြည့်နေဆဲ။ သူ့မေးခွန်းကိုကြားတော့ သူမ မျိုချပြီး ဖြေလိုက်တယ်။

"အဆင်ပြေပါတယ် ကျေးဇူးပါ"

ဒါ... ဘယ်သူလဲ။

"ကောင်းပါတယ်" သူ့ကြည့်ရတာ စိတ်အေးသွားပုံနဲ့ ခေါင်းညိတ်ပြလေတယ်။

ဧကရာဇ်တွေရဲ့ အမူအရာက မည်းမှောင်သွားတာပေါ့။ အဇဋာဧကရာဇ် သူတို့တောင်းဆိုချက်ကို စိတ်ထဲမထားတာ မဆန်းတော့ဘူး။ အဇဋာဧကရာဇ်က ဝူတိဂိုဏ်းကို အရင်က မြင်ဖူးထားတာပဲ။ သူတို့ စိုးရိမ်စပြုလာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ