166
အခန်း ၁၆၆ ။ မင်းကကျုပ်နှလုံးသားလန်ဟွားနှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ အသက်ပြင်းပြင်းရှူပြီး သွေးအန်ချင်စိတ်ကို မနည်းတားနေရလေရဲ့။ နောက်တော့ သူပြောလိုက်တယ်။
"ကြားတာတော့ မင်းက ဆန်းကြယ်ဝိညာဉ်များနဲ့ အမတများ တွေ့ဆုံပွဲမှာ ပါဖို့ ကောင်းကင်များအလွန်မှကောင်းကင်ထဲက အမတသက်တံနန်းတော်ဆီသွားမယ်ဆို၊ အမှန်ပဲလား"
"ဟုတ်တယ်"
"ချန်ကောက ဘယ်မှာလဲ"
ရှန်းရင် ခေါင်းစောင်းပြီး သူ့ကိုစိုက်ကြည့်လိုက်တယ်။
"နင် သူ့ကို သိတာလား"
လန်ဟွားက သူမကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေပြီးမှ ထူးဆန်းတဲ့အကြည့်တစ်မျိုး မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ စက္ကန့်နည်းနည်းကြာတော့ သူကအဖြေပေးလာတယ်။
"အဲဒါအရေးမကြီးဘူး ငါမင်းကိုလာပြောတာက အဲဒီအဇဋာဧကရာဇ်တွေအားလုံးက လူဆိုးတွေကြီးပဲ"
"အော်" ရှန်းရင် စောင်ကို မေးစေ့ထိဆွဲတင်လိုက်တယ်။
"မင်း ငါ့ကိုမယုံဘူးလား" လန်ဟွားက အခုပိုပြီးတောင် သွေးပျက်လာပြီ။ သူက စောင်ကိုဆွဲယူပြီး အောက်ဆွဲချလိုက်တယ်။
"ငါအမှန်တိုင်းပြောနေတာ - အထူးသဖြင့် ချန်ကော၊ သူ့ဂုဏ်သတင်းက အဇဋာဧကရာဇ်ဆယ်ပါးကြား အကောင်းဆုံးဆိုပေမဲ့ ပုန်းအောင်းနေတုန်း သူဘာလုပ်ခဲ့လဲဆိုတာ ဘယ်သူမှမသိကြဘူး"
တစ်စုံတစ်ရာအမှတ်ရသွားဟန်နဲ့ လန်ဟွားက မျက်မှောင်ကြုတ်တယ်။
"သတိထားဖို့လိုတယ် ဒီလူတွေနဲ့ဆက်မပတ်သက်တာ အကောင်းဆုံးပဲ၊ နားလည်လား"
"အော်"
"ဒါပေမဲ့ ပြိုင်ပွဲမှာ ပြိုင်မဲ့လူတွေအများကြီးဆိုတော့ မင်း သူ့ကိုတွေ့နိုင်မှာ မဟုတ်ဘူးထင်တာပဲ"
"ငါက ပြိုင်ပွဲထဲ ဝင်မပြိုင်ပါဘူး"
"ဘာ" လန်ဟွား အံ့ဩသွားတယ်။
သူ ဒါကိုသိတယ်ဆိုတာက သူ့စိတ်အာရုံမြင်ကွင်းကို ထားခဲ့ပြီး ဂိုဏ်းထဲကတပည့်တချို့ အစည်းအဝေးကြောင်း ပြောနေသံကို နားစွန်နားဖျား ကြားခဲ့ရလို့။ သူ စိုးရိမ်လာပြီး သူမကိုသတိပေးဖို့ အသည်းအသန် ပြေးလာခဲ့တာ။ အခု သူစဉ်းစားကြည့်မှ သူမက မြေအမတပဲရှိသေးတာ၊ မသေမျိုးချီကလည်းမရှိသလောက်။ ပြိုင်ပွဲမှာဝင်ပြိုင်ဖို့အရည်အချင်းမပြည့်မီတာ အမှန်ပဲ။
ESTÁS LEYENDO
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...