အခန်း ၈၃ ။ အခြားဂိုဏ်းမှတိုက်ခိုက်မှု

1.5K 187 3
                                    

83

အခန်း ၈၃ ။ အခြားဂိုဏ်းမှတိုက်ခိုက်မှု

ယင်းမိသားစုနဲ့ သဘောတူထားတဲ့ ပို့ဆောင်ရမဲ့နေ့က ရက်ပြည့်ပြီမို့ ဖေဖေနျိုက ခရီးရှည်ကြီး ထွက်သွားတယ်။ သူက ဆေးလုံးတွေလုပ်ဖို့ ရွှမ်းယွမ်မိသားစုဆီ သွားလည်ဖို့လိုသေးတဲ့အတွက် အနည်းဆုံးတစ်လလောက်တော့ ကြာမှာပဲ။

အခု ဝူတိဂိုဏ်းက အိမ်ထိန်းမရှိတော့ ရှန်းရင်စိတ်တိုင်းကျ လုပ်ချင်တိုင်းလုပ်နေတာပေါ့။ သူမက တစ်နပ်ကို ဟင်း၆ပွဲကနေ ၈ပွဲတိုးပေးဖို့ အတင်းတောင်းဆိုပြီး အဆာပြေမုန့်နဲ့ နေ့လယ်ခင်း လက်ဖက်ရည်အတွက် ဝန်ခမ်းဖွံ့ဖြိုးတိုးတက်မှုကိစ္စကို စားဖိုမှူးနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ ယွီဟုန်က ရုတ်တရက် အပြေးဝင်လာပြီး သူမကို စက္ကူကြိုးကြာတစ်ခုကမ်းပေးလာတယ်။

"ဂိုဏ်းချုပ်၊ ကျွန်မဒါကို အရှေ့ခန်းမမှာ ရှာတွေ့ခဲ့တာပါ"

"ဘာလဲ" ရှန်းရင် သူမဆီကယူလိုက်တယ်။ သူမရဲ့သိချင်စိတ် ထိုးတက်သွားတယ်။ ဒါပေမဲ့ ယိချင်းဆီ ကြိုးကြာစာရွက်က ရုတ်တရက် ယိချင်းဆီ ပျံသန်းသွားပြီး သူ့ကိုဝိုင်းတော့တယ်။

"စက္ကူကြိုးကြာတမန်ပဲ ကြည့်ရတာ ကျွန်တော့်အတွက်ဖြစ်ပုံပေါ်တယ်" ယိချင်း လှမ်းယူလိုက်တော့ စက္ကူကြိုးကြာက သူ့လက်ထဲ ကျလာတယ်။ အသေအချာကြည့်ပြီး ပြောလိုက်တယ်။

"ဒီကြိုးကြာရဲ့ ပုံစံအရတော့ တောက်ပနှလုံးဂိုဏ်းက သတင်းစကားဖြစ်မယ်"

သူ ချက်ချင်း လက်သိုင်းကွက်တစ်ခု လုပ်လိုက်တော့ စက္ကူကြိုးကြာက အဖြူရောင်အငွေ့တန်းအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ “တစ်ယောက်ချင်းတိုက်ခိုက်မှု” ဆိုတဲ့စကားလုံးဖြစ်ပေါ်လာတယ်။ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ခပ်ရေးရေးထွက်နေတယ်။

"တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ ဖိတ်ကြားချက်ပဲ" ယွီဟုန် အံ့ဩမှင်တက်သွားခဲ့တယ်။

နောက်တစ်စက္ကန့်မှာတင် ယောက်ျားတစ်ယောက်ရဲ့ အသံတစ်သံက ထွက်လာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now