အခန်း ၇၇ ။ ကျိုးကြောင်းသင့်နေကြရအောင်

1.3K 184 15
                                    

77
အခန်း ၇၇ ။ ကျိုးကြောင်းသင့်နေကြရအောင်

"ကျုပ်လည်း သူတို့က ကျုပ်ယွီမိသားစုရဲ့ ကိုင်းခွဲတစ်ခုကနေ ထွက်ပြေးပြီး ပျောက်သွားတဲ့ အစေခံတွေမှန်း ခုမှသိရတာ" ယွီဟိုင်ဟုန်က ရှန်းရင်နောက်မှာရပ်နေတဲ့ စစ်ယွီကို လှမ်းကြည့်ပြီး မျက်လုံးတွေထဲမှာတော့ ကောက်ကျစ်မှုတွေပြည့်နေတယ်။

"သူနဲ့ ယွီဟုန်ဆိုတဲ့မိန်းကလေးက ယွီမိသားစုရဲ့ ကိုင်းခွဲအဖွဲ့ဝင်ဖြစ်တဲ့ ပကတိပြည့်စုံ နတ်ဝိညာဉ်အဆင့် ကျန့်ရှန်းပိုင်တဲ့ လူသားမီးပြင်းဖိုအဟောင်းတွေပဲ"

လူသားမီးပြင်းဖို

လူတိုင်းက ထိတ်လန့်တကြားနဲ့ စစ်ယွီကိုလှမ်းကြည့်ကုန်ကြတယ်။

"ဂုဏ်သရေရှိလူကြီးမင်း ကျန့်ရှန်းက မနှစ်တုန်းက ရုတ်တရက် သေသွားခဲ့တယ်၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ဘယ်မှာ‌မှ ရှာမတွေ့ဘူး"

ယွီဟိုင်ဟုန်က ဆက်ပြောတယ်။

"သူသေသွားပြီးတော့ သူ့‌လက်အောက်က လူသားမီးပြင်းဖိုကိုးယောက်လည်း ပျောက်သွားတာ၊ ကျန့်ရှန်းကို နောက်ဆုံးမြင်ခဲ့တဲ့လူပြောတဲ့စကားအရတော့ သူ့ဓမ္မအသုံးအဆောင်ကို ခိုးသွားတဲ့ သစ္စာဖောက်နောက် လိုက်ဖမ်းရင်းကနေ ပြန်မလာတော့တာတဲ့၊ ‌သံသယဝင်စရာ မလိုအောင် အဲဒီလူသားမီးပြင်းဖိုကိုးယောက် ဒုက္ခပေးတာခံခဲ့ရတာနေမှာ၊ အဲတော့ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ သေချာပေါက် ငါ့လူတွေကို ကူညီပြီး တရားမျှတမှုရှာပေးရမှာပေါ့"

"ကျန့်ရှန်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကိုနှုတ်ပိတ်ဖို့ကြိုးစားတာ အသိသာကြီးပဲ"

စစ်ယွီက ကျယ်ကျယ်လောင်လောင် ခွန်းတုံ့ပြန်မိတယ်။

"အဲလိုဆိုတော့ မင်းက ယွီမိသားစုကနေ ထွက်ပြေးသွားတဲ့ကျွန်ဆိုတာ ဝန်ခံပြီလား" ယွီဟိုင်ဟုန်က အသံထွက်လှောင်တော့တယ်။

"ရှင်..."

သူက ရှန်းရင်ကို တန်းတန်းမတ်မတ် လှည့်ကြည့်ပြီး ထေ့ထေ့ငေါ့ငေါ့ပြောတော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now