122
အခန်း ၁၂၂ ။ သုံးဆင့်တက်လှမ်းခြင်း"ကျုပ်ဇနီးက သူ့ကိုမွေးချိန် အားကုန်သုံးခဲ့ရတာမို့ ကျုပ်ဇနီးရဲ့ မျိုးရိုးနာမည်ကို ယူခဲ့တာပါ"
ပေါင်ဖေးဖျင်က ကူယွဲ့တစ်ယောက် ရှောင်အန်း သူ့အမေရဲ့ မျိုးရိုးနာမည်ကိုယူတာနဲ့ပတ်သက်ပြီး စိတ်တိုသွားတာလို့ ထင်ပြီး ရှင်းပြလိုက်တယ်။
"အမတရောင်းရင်းယိချင်း စိတ်ကျေနပ်မယ်ဆို သူ့ကို နောက်ထပ်နာမည်ပေးလို့ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ခင်ဗျားတို့ဂိုဏ်းရဲ့..."
"ဟင့်အင်း" ကူယွဲ့က သူစကားမဆုံးခင် ကြားဖြတ်ပြောလာတယ်။
"ဘယ်လို" ပေါင်မိသားစုက လူနှစ်ယောက်က ကူယွဲ့ကို မယုံနိုင် စိုက်ကြည့်ကြတော့တာပေါ့။
"နောက်ထပ်နာမည်ပေးဖို့ မလို-"
"မဟုတ်ဘူး ကျုပ်ဆိုလိုတာက သူ ယိချင်းရဲ့ တပည့်ဖြစ်လာလို့မရဘူး"
ကူယွဲ့ ဒေါသတကြီး ပြောလိုက်တယ်။ လုံးဝကို လေးနက်တဲ့လေသံနဲ့ သူကပြောတော့တယ်။
"ပြီးတော့ ဝူတိဂိုဏ်းလည်းဝင်လို့မရဘူး၊ သေချာပေါက်မရဘူး"
"... ဘာလို့လဲ" ပေါင်ဖေးဖျင် ထိတ်လန့်သွားတယ်။ သူ စောနလေးကတင် သဘောတူခဲ့တာမဟုတ်ဘူးလား။
"ဘာကြောင့်လဲဆိုတော့... သူ..." ကူယွဲ့ သင့်တော်တဲ့စကားလုံး ရှာဖို့ကြိုးစားနေရတယ်။ သူ့နဂို အာသွက်လျှာသွက်လျှာကလည်း အစွမ်း ဆုံးရှုံးသွားပုံပဲ။ နောက်ဘာဆက်ပြောရမလဲဆိုတာ အချိန်အကြာကြီး စဉ်းစားနေရတယ်။
"ကျုပ်ဂိုဏ်းက... လောလောဆယ်လူပြည့်နေတယ်"
"အယ်" ဘာသဘောလဲ။
"အာ၊ ကျုပ်ဆိုလိုတာက..." သူက ပြန်တည်ငြိမ်အေးဆေးလာပြီး ယိချင်းကိုလှမ်းကြည့်လိုက်တယ်။
"ယိချင်းက အခု ခင်ဗျားတို့ တောင်းဆိုတဲ့လူလေ၊ သူဘယ်လိုဆုံးဖြတ်မလဲ ကြည့်ရအောင်၊ ဟုတ်တယ်မလား စားဖိုမှူး"
သူ လှည့်ပြီး ယိချင်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်တယ်။
မင်းသာ သဘောတူလိုက်ရင် မင်းရဲ့စားသောက်စရိတ်ကို တစ်နှစ်တိတိမပေးဘူး
BẠN ĐANG ĐỌC
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Hài hướcအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...