အခန်း ၁၅၁ ။ ဧကရာဇ်ရှစ်ပါးနှင့်တိုက်ပွဲ

1K 172 3
                                    

151

အခန်း ၁၅၁ ။ ဧကရာဇ်ရှစ်ပါးနှင့်တိုက်ပွဲ

"မင်းပဲ" ကောယိုးအထိတ်တလန့်အော်ပြီး ယိချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။ ဆောင်းဝိညာဉ်သစ်ရွက်အဆိပ်ရဲ့ ပစ်မှတ်တွေက အလွန်ဆုံးလေးလအထိပဲ အသက်ရှင်နိုင်တာကို သူက အခုထိ အသက်ရှင်နေသေးတယ်ပေါ့။ ပြီးတော့ အဆိပ်မိထားတဲ့ အရိပ်လက္ခဏာလည်းပြပုံမပေါ်ဘူး။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ ကောယိုး စိတ်မအေးဖြစ်လာပေမဲ့ လူတွေရှိနေတော့ ထုတ်မပြလိုက်ဘူး။

နဂိုထိတ်လန့်မှုကနေ သတိပြန်ဝင်လာတော့ ခန်းမဆောင်ထဲက ဧည့်သည်တွေက သူတို့ကြား ကျူးကျော်လာသူကို ရန်လိုစွာ ဒေါသတကြီး ကြည့်ကျတော့တယ်။

"လူပါးဝလိုက်တာ မင်းက သာမန် အမတတစ်ယောက်‌ပဲ၊ ဒီဧကရာဇ်တွေရှိနေတာကို အဲလောက်တောင် မလေးမစားပြုရဲတယ်လား"

"မင်းက ဘယ်သူလဲ၊ ဘယ်လိုလုပ် စစ်ပြေငြိမ်းနန်းဆောင်ကို ကျူးကျော်လာရဲတာလဲ"

"မင်းက အဆင့်နိမ့်အမတလေးတစ်ယောက်ပဲ၊ အရှင်မင်းကြီးကောယိုးကို ပမာမခန့်ပြုရဲတယ်ပေါ့၊ မင်းဘာစွမ်းလဲ မြင်ချင်မိသား"

"ကြီးမြတ်တဲ့ဧကရာဇ်၊ ဒီမလောက်လေး မလောက်စားကို ကူညီပြီးအချိုးပြင်ခွင့်ပြုပါ"

"ရောင်းရင်းဧကရာဇ်တို့..." ဒီထောက်ခံတဲ့စကားတွေကြောင့် စိတ်သက်သာရာရပြီး ကောယိုး ပြန်တည်ငြိမ်လာတယ်။ ယိချင်းက ဆောင်းဝိညာဉ်သစ်ရွက်က အဆိပ်ခတ်ထားတာ သိသွားရင်တောင် ဘယ်သူက သူ့လို အဆင့်နိမ့်အမတကို ယုံမှာလဲ။

"အမတရောင်းရင်း ကျုပ်တို့ကြား အထင်လွဲမှုတချို့ရှိတယ်လို့ယုံတယ်၊ ကျုပ်တို့ ဆွေးနွေးကြည့်ရင်ရော... ဟမ်"

ကောယိုးစကားမဆုံးခင် ယိချင်းက သူ့ဓားကိုလှည့်ပြီး အားပြင်းတဲ့ဓားချီတွေ လွှတ်ထုတ်လိုက်တယ်။ ဓားချီလွှမ်းမိုးတာခံရပြီး ကောယိုး သူ့သလွန်ကနေ အလျင်စလို ဖယ်လိုက်ရတယ်။ လှည့်ကြည့်လိုက်ချိန် နန်းတော်နံရံတစ်လျှောက် အပေါက်ကြီးဖြစ်သွားတာမြင်လိုက်ရပြီးတော့ နန်းတော်တစ်ဝက် ပြိုကျသွားတော့တယ်။ လာလည်တဲ့ ဧကရာဇ်တွေပါ သူတို့ဓားတွေပေါ်တက်ပြီး နန်းတော်ကနေ ထွက်ပြေးရတော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now