145
အခန်း ၁၄၅ ။ ကြီးမားသောစီးပွားရေးသဘောတူညီချက်
သုံးလအကြာ။
"စစ်ယွီမှ ဂိုဏ်းချုပ်နဲ့ အကြီးအကဲနှစ်ယောက်လုံးကို နှုတ်ဆက်ပါတယ်"
စစိယွီ ဖုန်တွေလွှမ်းနေတဲ့ အနောက်ဆောင်ထဲ ဝင်လာခဲ့ပြီး ထိုင်နေတဲ့လူအုပ်ကို ဂါဝရပြုလိုက်တယ်။
"ဟေး ရှောင်လွိ" အကျင့်အတိုင်း ရှန်းရင်က စစ်ယွီကို လက်ယမ်းပြနှုတ်ဆက်လိုက်တော့ စစ်ယွီ ချက်ချင်းမျက်လုံးတောက်ပသွားတယ်။ သူမရဲ့ ပင်ပန်းနေတဲ့ကိုယ်ခန္ဓာက ချက်ချင်း အားအင်တက်ကြွသွားတော့တာပေါ့။
"ပြန်လာပြီလား" ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံး စစ်ကြည့်လိုက်တယ်။
"ဘယ်လိုနေလဲ၊ အားလုံးချောချောမွတ်မွတ်ပဲလား"
"ဟုတ်ကဲ့" စစ်ယွီ ခေါင်းညိတ်ပြလိုက်တယ်။ သူမ ဘေးမှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ကို ချွတ်ပြီး ကမ်းပေးလိုက်တယ်။
"အကြီးအကဲညွန်ကြားတာဘာမဆို တပည့်ပြီးမြောက်လာပါတယ်၊ ဒါက အဆင့်မြင့်အမတရှု အကြီးအကဲဆီ ပေးဖို့ ပြောလိုက်တဲ့ဟာပါ"
"ဒါဘာလဲ" ရှန်းရင် စပ်စုလိုက်တယ်။ ရှောင်လွိကို ဖေဖေနျိုက လွှတ်လိုက်လို့ မတွေ့ရတာရက်နည်းနည်းကြာသွားခဲ့ပြီ။
"ကျန်သေးတဲ့ အခကြေးတွေ" ကူယွဲ့ဖြေလိုက်တယ်။ သူ သိုလှောင်အိတ်ကိုယူပြီး ဖွင့်လိုက်တော့ အလင်းတန်းဖြူတစ်ခုထွက်လာတယ်။ ရှိနေတဲ့လူတိုင်း အပြည့်နီးပါးထည့်ထားတဲ့ အမတကျောက်တွေကြောင့် ကန်းလုနီးပါးတောင် ဖြစ်သွားလေရဲ့။
များ... များလိုက်တာ
ရှန်းရင်နဲ့ ငမွဲနောက်လိုက်တွေ ထိတ်လန့်မှုကြောင့် တိတ်ကုန်ကြတယ်
"ငါ အရင်တစ်ခေါက်က ရှုကျန်းကို ရောင်းဖို့ လက်ဖွဲ့အဆောင်တချို့ပေးခဲ့တယ်မလား"
ကူယွဲ့ အရင်အိတ်ထဲက ပစ္စည်းတွေကို ကောင်းကင်စိတ်အာရုံနဲ့စစ်ဆေးပြီး ပမာဏမှန်တာသေချာမှ ကျေနပ်သွားခဲ့တယ်။
"အချိန်အရဆို သူ အတော်လေးရောင်းထွက်ပြီးနေလောက်ပြီ၊ ဒါကြောင့် သဘောတူထားတဲ့ အချိန်အတိုင်း ပိုက်ဆံတွေ ကောက်ဖို့ စစ်ယွီကိုလွှတ်လိုက်တာ"
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...