အခန်း ၁၁၁ ။ လောကသုတ်သင်ခြင်း၏ အမှန်တရား

1.1K 159 0
                                    

111
အခန်း ၁၁၁ ။ လောကသုတ်သင်ခြင်း၏ အမှန်တရား

"မင်းက ရှေးဟောင်းအမတဘုံဗိမာန်က အမတဝိညာဉ်လား" ယိချင်း ရပ်သွားတယ်။ နောက်ဆုံးတော့ သူဘာဆိုလိုလဲနားလည်သွားခဲ့တယ်။ သူ ခေါင်းစခြေဆုံးစစ်ဆေးပြီးတော့ မေးလိုက်တယ်။

"ပိထောင်မဟုတ်လား"

"မှတ်မိတယ်လား" လွမ်ရွှိက စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်တော့တယ်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ငါက အဲဒီအကြွင်းအကျန်ဝိညာဉ်ပဲ၊ ပိထောင်က ငါ့နာမည်ရင်း၊ မင်းတို့ကို ရှာဖို့ ဒီအောက်ဘုံကိုဆင်းလာခဲ့တာ" သူ ခန္ဓာကိုယ်ပြန်ရတည်းက ရှန်းရင်ကိုရှာဖို့ ထျန်းလန်လောက‌ဆီ လာဖို့တွေးနေတာ။ အခု နောက်ဆုံး... နောက်ဆုံးတော့ သူမကိုရှာတွေ့ခဲ့ပြီ။ လွမ်ရွှိ- ဟင့်အင်း ပိထောင်- ရုတ်တရက် ငိုချင်သလိုဖြစ်သွားတယ်။

"ငါဘယ်လောက်ကြိုးစားခဲ့ရလဲ မင်းတို့မသိပါဘူး..."

သူက နှာရှုံ့ပြီး ‌ရှန်းရင်ခြေထောက်တွေကို ဖက်တွယ်ဖို့ အလိုလိုရွှေ့လာတယ်။ သူ လက်လှမ်းတဲ့အချိန်မှာတင် အစိမ်းရောင်အလင်းတန်း တားတာခံလိုက်ရတယ်။ ရှန်းရင်ခြေထောက်ကနေ အရွက်စိမ်းတစ်ခု ထွက်လာပြီး သူ့မျက်နှာဆီ အကြမ်းပတမ်း ပျံသန်းလာကာ ပါးရိုက်တော့တယ်။

မုန်လာဥဖြူပုံစံနဲ့ အပင်ဝိညာဉ်တစ်ခုက ရှန်းရင်ဝတ်ရုံလွှာထဲကနေ ပျံသန်းထွက်လာပြီး ပိထောင်ကို သွားဖြဲတော့တယ်။

"ကျီ" သွားစမ်း ဒီခြေထောက်ကို ငါ့ဆီကနေ ခိုးဖို့ ကြိုးတောင်မကြိုးစားနဲ့စမ်း

ပိထောင် ။ ။ "..."

"တော်လောက်ပြီ" ရှန်းရင် မုန်လာဥကို ပြန်ထိန်းလိုက်ရတယ်။ နောက်ဆုံးတော့ ‌မျောလွင့်က ဘယ်သူလဲဆိုတာ သူမ မှတ်မိသွားပြီ။ ရှေ့တက်ပြီး သူမပြောလိုက်တယ်။

"မျောလွင့်၊ ရှင်းပြဦး၊ ဘာတွေဖြစ်နေတာလဲ၊ နင်တို့လူဘယ်နှစ်ယောက်ရှိတာလဲ"

ပိထောင် ရုတ်တရက် လက်ထဲက အရေးကြီးတဲ့ကိစ္စကို သတိရသွားခဲ့တယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒီတစ်ကြိမ် ဆယ့်ငါးယောက်ရောက်နေတာပါ၊ ဆယ်ယောက်က စိတ်တန်ခိုးအမတတွေဖြစ်ပြီး ငါးယောက်က ရွှေအမတတွေ၊ တခြားလူတွေက ထျန်းလန်လောကရဲ့ အရှေ့တောင်ဘက်ပိုင်းက တခြားနေရာတွေမှာ၊ ငါတို့မြန်မြန် လုပ်ဖို့လိုတယ်၊ မင်းကလွဲလို့ ထျန်းလန်လောကထဲ ဘယ်သူကမှ သူတို့ပြိုင်ဘက်မဟုတ်ဘူး၊ အထူးသဖြင့် အရှေ့ဘက်မှာရှိတဲ့..."

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now