အခန်း ၁၄၂ ။ အနန္တပုံရိပ်ယောင်ဓားအစီအရင်

1K 161 0
                                    

142

အခန်း ၁၄၂ ။ အနန္တပုံရိပ်ယောင်ဓားအစီအရင်

သုံးယောက်သား ထွက်သွားတော့မှာကိုမြင်ပြီး ပါးစပ်ဟောင်းသားနဲ့ ရပ်နေမိတယ်။ နောက်တစ်ကြိမ် သူ သူတို့ကိုတားဖို့ ကြိုးစားလိုက်တယ်။

"ဟင့်အင်း၊ ငါတို့ ဝင်ပေါက်ရောက်နေပြီပဲ၊ အထဲဝင်ပြီး တစ်ချက်ကြည့်ရုံလေ၊ ဟုတ်ပြီလား၊ ဘယ်သူသိမှာလဲ... ဘယ်သူသိမှာလဲ ပိုပြီးကောင်းတဲ့ ကုန်ကြမ်းတွေ ရှိရင်ရှိမှာပေါ့"

"ပြန်ရတဲ့နှုန်းက နိမ့်လွန်းရင် ရင်းနှီးရတာမတန်ဘူးလေ" ကူယွဲ့မျက်နှာက လုံးဝအတည်ပေါက်။

အဲလောက်ကြီး စိတ်ပိုင်းဖြတ်ထားမှလား။ တန်ဖိုးရှိတဲ့ရတနာတွေ ဒီမှာရှိနေတာ အသိသာကြီးပဲကို။ သူတို့ တုံးတာလား။ ဘာလို့ကျောက်တွင်းကိုတူးဖို့ ရွေး‌ရတာလဲ။

"ခဏ" ရွှင်ရှူး ခေါင်းငုံ့ပြီး အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တယ်။

"ငါမင်းတို့ကို အမှန်တိုင်းပြောပြမယ်၊ ဒီလို အားကြီးတဲ့ ဓားအစီအရင်ထဲမှာ တန်ဖိုးရှိတာတစ်ခုခုဝှက်ထားတာဖြစ်ရမယ်၊ ဖြစ်နိုင်တာက... ဖြစ်နိုင်တာက ကောင်းကင်အစီအရင်ခြောက်မျိုးဓားပဲ"

သုံးယောက်သားက ရပ်သွားပြီး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ အတူတူ သူတို့ဖြေလာတာက "အိုး"

"အိုး" အဲဒါဘာသဘောလဲ။

"အဲတော့ဘာဖြစ်လဲ"

"အဲတော့"

"ခင်ဗျားက အသံသွင်းစက်လား"

"အသံ ဘာကြီး"

"ဟူး..." ကူယွဲ့ သက်ပြင်းချပြီး မျက်ဆံလှန်လိုက်မိတယ်။

"ဆိုလိုတာက တကယ်လို့ ကောင်းကင်အစီအရင်ခြောက်မျိုးဓားက တကယ်ပဲ အထဲမှာရှိနေရင်တောင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ"

"ဟမ်၊ အဲဒါ... အဲဒါ ကောင်းကင်အစီအရင်ခြောက်မျိုးဓားနော်၊ မင်းတို့ လာရှာတာမဟုတ်... အာ ဖွီ၊ မင်းတို့ ဓားကိုရှာဖို့ လာတာမဟုတ်ရင်တောင် အနည်းဆုံးတော့ မလိုချင်ဘူးလား၊ ကောင်းကင်လက်နက်နော်၊ သတိပေးပါရစေ၊ ကောင်းကင်လက်နက်ဟ" နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now