အခန်း ၁၁၃ ။ လွတ်လပ်ရေးနှင့် အမှီအခိုကင်းမှု

1.2K 186 7
                                    

113

အခန်း ၁၁၃ ။ လွတ်လပ်ရေးနှင့် အမှီအခိုကင်းမှု

အမတဘုံ။

မသေမျိုးချီက ထျန်းလန်လောကဝင်ပေါက်မှာ တလိမ့်လိမ့်တက်နေပြီး ကောင်းကင်တစ်ခုလုံးကို ထွန်းညှိထားတယ်။ ကြည့်ရတာ မသေမျိုးတက်လှမ်းမှုအတွက် စင်မြင့်ပြင်နေတဲ့ပုံ။

"ဘာတွေဖြစ်နေတာလဲ" ချင်းထုံးအမတဘုံဗိမာန်ရဲ့ အမတအိမ်ထိန်းက မေးလာတယ်။

"ထင်တာတော့... ထျန်းလန်လောကက တစ်ယောက် မသေမျိုးတက်လှမ်းလာပုံပဲ"

နောက်ထပ် အမတတစ်ယောက်က ဖြေလေတယ်။

"တခြားလူ တက်လှမ်းလာတာလား၊ လွန်ခဲ့တဲ့လေးနာရီကတင် တစ်ယောက် တက်လှမ်းထားတယ်မဟုတ်လား"

"ဒီလူတွေက ဝင်ပေါက်ပွင့်သွားတော့ မသေမျိုးချီတွေကို သုံးစွဲနေတာ ဖြစ်နိုင်ချေများပါတယ်"

"ကြည့်ရတာတော့ နောက်ထပ်ဓားကျင့်ကြံသူက မသေမျိုးတက်လှမ်းတော့မဲ့ပုံ၊ ဘယ်တုန်းကလည်းက ထျန်းလန်လောကမှာ ဓားကျင့်ကြံသူတွေ အဲလောက်များသွားရတာလဲ၊ တံခါးမှာစောင့်နေရမဲ့ မြေကြီးအမတရော ဘယ်‌မှာလဲ၊ ဘာလို့ ဒါကိုမဖြေရှင်းသေးတာလဲ"

"အယ်... ကျုပ်လည်း မသေချာဘူး၊ ဝင်ပေါက်က ပိတ်နေပြီ - ကြည့်ရတာ မြေကြီးအမတက တာဝန်နေရာကနေ ရှောင်ဖယ်နေတာ တော်တော်ကြာသွားတဲ့ပုံပဲ"

"အဓိပ္ပာယ်မရှိတာ ‌ပြန်လည်ရိတ်သိမ်းနေ့က ဒီလောက်အရေးကြီးတဲ့နေ့ကို၊ သူ့တာဝန်ကနေ ထွက်သွားရဲတယ်ပေါ့"

"ဒီလူတွေ မသေမျိုးတက်လှမ်းမှာကို တားမြစ်ဖို့ နောက်ထပ် အမတတစ်ယောက်ကို ချက်ချင်းစောင့်ကြပ်ခိုင်းဖို့စီစဉ်လိုက်ပါ့မယ်"

"ထားလိုက်တော့၊ အမတတွေအများကြီး စောနက ဆင်းသွားတာပဲ၊ သေချာပေါက် တစ်ယောက်ယောက်နားလည်ပြီး တစ်ခုခုလုပ်ခိုင်းလိုက်"

"ဒါပေမဲ့... မိုးကြိုးဝဋ်ကြွေးအတွက် မိုးကြိုး၇၈ချက် ပစ်ပြီးပြီ"

"ဘာ" အိမ်တော်ထိန်းက အံ့ဩတကြီး ပြောတော့တယ်။

"သန့်ရှင်းဖို့ ဆင်းသွားတဲ့ အမတတွေထဲက ဘယ်သူမှ ဒါဖြစ်မှာကို မတားကြဘူးလား"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Onde histórias criam vida. Descubra agora