107
အခန်း ၁၀၇ ။ လောကပျက်သုဉ်းခြင်း အန္တရာယ်
"ဖေဖေနျို အဆင်ပြေရဲ့လား" ရှန်းရင်က မေးလာတယ်။
"အင်း" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"ငါသေတော့ မသေပါဘူး"
သူ့အမတအရိုးတွေကို ဖန်တီးပြီးပြီဆိုပေမဲ့ မသေမျိုးချီတွေအားလုံးကို အဲ၈၂ချက်မြောက် ကောင်းကင်လျှပ်စီးမိုးကြိုးကို ကာကွယ်ဖို့အတွက် သုံးခဲ့ပြီးပြီ။ အခု ကိစ္စတွေက ငြိမ်သွားပြီဆိုတော့ သူက အခု အားမရှိတော့တဲ့လူ ဖြစ်သွားပြီ။ သူကြောက်တာက သူ အသစ်ဖွဲ့စည်းထားတဲ့ အမတအရိုးတွေ ကျိုးသွားမှာပဲ။ ဒါပေမဲ့ ဒီဘုံမှာက မသေမျိုးချီ တစ်စက်လေးတောင်မရှိဘူး။ သူကုသချင်ရင်တောင် အရိုးတွေကို မကုသနိုင်ဘူး။
"စားဖိုမှူး နင့်မှာအကြံရှိလား" ရှန်းရင် သူမဘေူရပ်နေတဲ့ယိချင်းကို လှည့်မေးလိုက်တယ်။ ကူယွဲ့ကို တစ်ချက်ကြည့်တာနဲ့တင် သူတမင် မာကြောယောင်ဆောင်နေမှန်း သိတာပေါ့။
ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။
"သူ့သွေးကြောတွေကို အရင်ကုသကြည့်မယ်"
သူ ကူယွဲ့ဘေးထိုင်ချပြီး ဝိညာဉ်ချီကို အသက်သွင်းလိုက်တယ်။ ရွှေရောင်အလင်းတန်းတွေ ကူယွဲ့ဆီကနေ ထွက်လာတယ်။ မိနစ်နည်းနည်းနေတော့ ကူယွဲ့မျက်နှာမှာ အသွေးအရောင် ပြန်ရှိလာတယ်။ သူက တကယ်ပဲ ပိုပြီးကြည့်ကောင်းလာပြီ။ မိုးကြိုးဝဋ်ကြွေးချေခြင်းကြောင့် ရလာခဲ့တဲ့ဒဏ်ရာတွေက ဖြည်းဖြည်းချင်း သက်သာလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ချီက မသေမျိုးချီနဲ့ ယှဉ်လို့မရဘူးလေ။ ကူယွဲ့ ဒဏ်ရာတွေက အရမ်းကို နှေးနှေးကွေးကွေးနဲ့ ပြန်သက်သာနေတာ။ ရှန်းရင် သုံးနာရီအပြည့် ဘေးမှာထိုင်နေပြီးမှ ယိချင်းက နောက်ဆုံးတော့ မျက်စိဖွင့်လာတယ်။ ကူယွဲ့က ငြိမ်နေဆဲဖြစ်ပြီး အသက်ရှူမှန်အောင် လုပ်နေတယ်။
"သူ အဆင်ပြေသွားပြီလား"
ယိချင်း ခေါင်းယမ်းပြလိုက်တယ်။
"ကျွန်တော် သူ့အပြင်ပန်းဒဏ်ရာတွေကိုပဲ ကုသနိုင်တယ်၊ အတွင်းဒဏ်ရာတွေကတော့..." ဝိညာဉ်ချီဆိုတာက အမတအရိုးတွေကို ကုသဖို့အတွက် အားနည်းလွန်းတာကိုး။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...