146
အခန်း ၁၄၆ ။ အိပ်ပျော်နေသောအလှလေး
ကူယွဲ့ မျက်နှာပေါ် အပြုံးက ကျယ်ပြန့်လာပြီး ကျေနပ်နေတဲ့ ဂိုဏ်းရဲ့သိုလှောင်ခန်းနံရံကိုပုတ်လိုက်တယ်။ သူ့ပုံစံက ကျေနပ်နေတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့သူမျိုး။ သိုလှောင်ခန်းက တစ်နေ့ပြီးတစ်နေ့ ပြည့်သထက်ပြည့်လာတယ်။ ယိချင်း အဆင့်မြင့်အမတဆီ တက်လှမ်းသွားခဲ့တဲ့ ရိုက်ချက်ကိုတောင် အခု ခံနိုင်ရည်ပိုရှိလာသလိုပဲ။ ရက်ရောချင်လာပြီး အရေးမစိုက်တဲ့ပုံစံနဲ့လက်ယမ်းပြပြီး ကြေညာလိုက်တယ်။
"မင်း အဆာပြေစားခွင့် တောင်းဆိုမှုကို ခွင့်ပြုတယ်"
ကူယွဲ့ တစ်စုံတစ်ယောက်သောလူဆီကနေ မျှော်လင့်ထားတဲ့ မြူးတူးပျော်ရွှင်နေသံမကြားရတော့ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်တယ်။
"ဘာလဲ၊ အဆာပြေနဲ့ မကျေနပ်သေး..." သူ စကားပြောရင်း ရုတ်ခြည်းရိုက်လိုက်ပြီး ဘေးကလူကိုလှည့်ကြည့်လိုက်တယ်။
စောနလေးကတင် စားနေတဲ့ ရှန်းရင်က အခု စားပွဲပေါ် လက်ကားရား အိပ်မောကျနေပြီဆိုတာ တွေ့လိုက်ရတယ်။
အမလေး ဘုရားသခင် ဒီအစားသရဲက မျိုနေရင်းတောင် အိပ်မောကျနိုင်တယ်လား။ သူ့အိပ်တဲ့အရည်အချင်းက သေချာပေါက်ကို အဆင့်မြင့်နေပြီ
ကိစ္စသေးလေးလို့ပဲတွေးပြီး ကူယွဲ့ မီးဖိုချောင်ထဲက ယိချင်းဆီ အသံလှိုင်းလွှင့်ကာ ရှန်းရင်ကို အခန်းဆီပြန်သယ်သွားဖို့ လူတစ်ယောက်စီစဉ်လိုင်းလိုက်တယ်။ နောက်တော့ သူ့ရဲ့ မြင့်မြတ်တဲ့မြေဖွံ့ဖြိးရေးလုပ်ငန်းစဉ်အတွက် အလုပ်ဆက်လုပ်တော့တယ်။ အခုတလော သူတို့တပည့်တွေရဲ့ ကျင့်ကြံမှုက အတော်လေးမြန်မြန် မြင့်တက်လာနေတာ။ အများစုက အမတအရိုးတွေဖွဲ့စည်းပြီး အမတတွေဖြစ်လာပြီ။ သူကိုယ်တိုင်တောင် ခဏခဏ နတ်ဆိုးချီထဲဝင်ဖြစ်နေလို့ စိတ်တန်ခိုးအမတအဆင့်အဖြစ် မြင့်တက်သွားခဲ့ပြီ။ ဒီအတောအတွင်း ရွှင်ရှူးကလည်း အမတလက်နက်တစ်ဝက်ကျော်ကို ပို့ပေးလာတယ်။ သူ့အတွက် တကယ်ကိုအလုပ်များနေတဲ့ကာလပဲ။
أنت تقرأ
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
فكاهةအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...