အခန်း ၁၃၁ ။ နတ်ဆိုးဘုံတံခါးပျောက်ကွယ်

1.2K 186 2
                                    

131
အခန်း ၁၃၁ ။ နတ်ဆိုးဘုံတံခါးပျောက်ကွယ်

"စတော့" ရှန်းရင်က နတ်ဆိုးကို လောလိုက်တယ်။ သူမ ထမင်းစားဖို့ အိမ်ပြန်ချင်နေပြီ။

နတ်ဆိုးဘုရင်လည်း အပိုပြောပြီး အချိန်ဖြုန်းမနေတော့ဘူး။ သူက ချက်ချင်း ချိပ်တစ်ခု ပုံဖော်လိုက်တယ်။ နဉ်ဇီအန်းအမူအရာက ပြောင်းလဲသွားပြီး ထွက်ပြေးဖို့ တစ်နေရာရာ ရှာချင်နေတဲ့ပုံစံနဲ့။ သူ လှည့်ပြေးမဲ့ဆဲ‌ဆဲ တစ်ကိုယ်လုံး အင်မတန်နာကျင်သွားပြီး ဒူးထောက်ကျသွားစေတော့တယ်။ သူ တစ်ကိုယ်လုံးကိုက်ခဲလာလို့ ဘောလုံးလိုတောင် လုံးနေရတယ်။ သူ့ကိုယ်ကို ရစ်နွယ်နေတဲ့ ချီနက်တွေနဲ့ တစ်ခုခုက သူ့ကိုယ်ထဲကနေ မျောလွင့်လာတယ်။

နတ်ဆိုးဘုရင်က ရှေ့ကိုထွက်လာပြီး နဉ်ဇီအန်းကိုယ်ထဲက အလုံးတစ်ခုကို ဆွဲထုတ်ပစ်လိုက်တယ်။ သူ့လက်ထဲ အနီစက်လေးတွေပါတဲ့ အမည်းလုံးလိုလို အရာကိုကိုင်ထားလေရဲ့။

နဉ်ဇီအန်းမျက်နှာပေါ်က နတ်ဆိုးဆန်ဆန်အနက်ရောင်အမာရွတ်တွေက ခုတော့ လုံးဝ ပျောက်ကွယ်သွားပြီ။ သူ့အရှိန်အဝါကလည်း စောနကထက် အများကြီးပိုအားနည်းပြီး အတော်လေး ဖြူဖပ်ဖြူရော်ပုံပေါက်နေတယ်။ သူ ချောင်းဆိုးချိန် သွေးတွေပါ ထွက်လာတော့တယ်။ ရှန်းရင်က သူ့ကိုယ်မှာ အရင်ကလို အနက်ရောင်ချီတွေ ဝိုင်းမနေတော့တာ သတိထားမိလိုက်တယ်။

"ကျေးဇူးတင်ပါတယ်..." သူ မော့ကြည့်နိုင်ရုံ အားပြန်ရလာတော့ နတ်ဆိုးဘုရင်နဲ့ အကြည့်ချင်းဆုံသွားတယ်...။ မျက်မှောင်ကြုတ်ပြီး သူက ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။

"ကျေးဇူးပါ ဂိုဏ်းချုပ်ရှန်း ခင်ဗျားအကူအညီအတွက်"

ရှန်းရင်က ပြန်မဖြေဘူး။ သူက နတ်ဆိုးဘုရင်လက်ထဲက အမည်းနဲ့အနီလုံးလေးကိုလေ့လာနေတယ်။

"ငါတို့ အဲဒါနဲ့ ဘာလုပ်ရမှာလဲ၊ မီးရှို့ရမှာလား"

နဉ်ဇီအန်းမျက်နှာက ပိုတောင်ဖြူဖျော့သွားပေမဲ့ စကားတော့ မပြောဘူး။

"ကြီးမြတ်တဲ့နတ်ဒေဝါ..."

နတ်ဆိုးဘုရင်က ခပ်တိုးတိုးဆိုတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now