အခန်း ၁၄၈ ။ ကောင်းကင်နတ်ဘုရား၏ကာကွယ်မှု

1K 153 0
                                    

148

အခန်း ၁၄၈ ။ ကောင်းကင်နတ်ဘုရား၏ကာကွယ်မှု

လောလောဆယ် လူနှစ်ယောက်ထူးဆန်းတဲ့ အိမ်ထဲ မတ်တတ်ရပ်နေပါတယ်။ နေရာအများကြီးမရှိပေမဲ့ အထဲမှာ မတ်တတ်ရပ်နေတဲ့လူက လေးငါးယောက်။ သူတို့က ပျားပန်းခတ်လှုပ်ရှားပြီး အလုပ်များနေတဲ့ အမျိုးသမီးကြီးတွေလိုပဲ။ အချိန်နဲ့အမျှ သူတို့ဆီက အားပေးသံတွေ ထွက်လာတယ်။

"ဆက်လုပ်ထား ထွက်ခါနီးပြီး ရတော့မယ် ရှိသမျှအားနဲ့သာထုတ်"

ဝမ်း‌ဆွဲလက်သည်လိုမျိုးပဲ။

"အစောင့်သရဲအစ်မကြီး ‌သမီးကို ဒီပို့ပေးလို့ ကျေးဇူးတင်ပါတယ်" သရဲလေးက ရုတ်တရက် သူမလက်ကို လွှတ်ချတယ်။

"..." ငါက အစောင့်သရဲမဟုတ်ဘူးလို့ပြောပြီးပြီလေ။

"သမီးသွားတော့မယ်" သရဲလေးက သူမကိုပြုံးပြပြီး ကိုယ်ဝန်သည်ရဲ့အစာအိမ်ထဲ ပျောက်ကွယ်သွားလေတယ်။ သူမပုံစံက အကြိမ်တစ်ထောင်လောက် လုပ်ဖူးသလိုမျိုး။

နောက်အခိုက်အတန့်မှာ ကလေးတစ်ယောက်ငိုသံက အခန်းထဲပြည့်သွားခဲ့တယ်။

"ထွက်လာပြီ မွေးပြီ"

ရှန်းရင် နောက်ဆုံးတော့ ဘာဖြစ်နေလဲ သဘောပေါက်သွားခဲ့ပြီ။ ဒါ... ပြန်လည်ဝင်စားတာများလား။

သူမ အိပ်မက်မက်နေခဲ့ရုံပါ။ တကယ်ကြီး အစောင့်သရဲဖြစ်လာတာလား။

-_-|||

သူမ ဟိုဟိုဒီဒီကြည့်ပြီး အခန်းထဲကထွက်လာမှ တဲအိမ်လေးထဲရောက်နေတာမှန်း သိသွားခဲ့တယ်။ တဲအိမ်လေးအပြင်ဘက်မှာ ခြံဝန်းလေးရှိနေတယ်။ အပြင်ကိုဆက်ပြီးကြည့်ရင် လူတွေအလုပ်လုပ်နေတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုတောင်ရှိနေတယ်။

ဘာမှလုပ်စရာမရှိတာမြင်တော့ ရှန်းရင် ရွာလေးထဲ လျှောက်ပတ်ကြည့်ဖို့ ‌ဆုံးဖြတ်လိုက်တယ်။ တစ်ပတ်ပတ်ပြီးမှ သူမ ပြဿနာရှိနေမှန်း နားလည်သွားတယ်။ ကြည့်ရတာ အဲအစီအရင်က သူမကို သေမျိုးဘုံဆီ တိုက်ရိုက်ခေါ်သွားခဲ့တဲ့ပုံပဲ။

သူမကိုယ်ခန္ဓာနဲ့ တော်တန်ရုံဝေးတာမဟုတ်တော့ဘူး

ပြီးတော့ သူမမှားနေတာလား မသေချာပေမဲ့ ဘာကြောင့်မှန်းမသိ ဒီဘုံမှာ အချိန်က ပိုမြန်နေသလိုပဲ။ စက္ကန့်တိုင်းမှာ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်နေတယ်။ သူမနဲ့အတူဒီလာခဲ့တဲ့ သရဲလေးက မွေးကင်းစကနေ ရက်ပိုင်းအတွင်း သူမခါးလောက်ရှိတဲ့ ကလေးလေးဖြစ်နေပြီ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now