အခန်း ၁၆၁ ။ ရွှမ်ထုံဝင်လာ

1.1K 178 0
                                    

161
အခန်း ၁၆၁ ။ ရွှမ်ထုံဝင်လာ

ဂျပုလေးက ဝူတိဂိုဏ်းမှာနေနေတာ အခု တစ်လနီးပါးရှိပြီ။ ကံမကောင်းတာနဲ့ ခဏခဏ ဒဏ်ရာရနေတာကလွဲလို့ အများအားဖြင့်တော့ အဆင်ပြေပါတယ်။ လုံးဝမပြောင်းနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ရှန်းရင်ဆီ တစ်နေ့သုံးကြိမ်ပို့နေကျ ပူဇော်ဖွယ်တွေပဲ။ ရှန်းရင် အဖြေမထုတ်နိုင်တာက အဲဒါတွေကို သူဘယ်နေရာဆီက ရလာလဲဆိုတာပဲ။ ဒါပေမဲ့ သူမ မနက်တိုင်း ပြတင်းပေါက်အပြင်မှာ သပ်သပ်ရပ်ရပ်စီထားတဲ့ အဆာသွတ်မုန့်၊ အဆာပြေမုန့်တွေ၊ သစ်သီးတွေရှာတွေ့နေကျ။

ရှန်းရင် ဒါတွေကို မလိုချင်ဘူးလို့ ဘယ်လောက်ရှင်းအောင်ပြောပြော ဂျပုလေးက အကျင့်ကို ဖျောက်နိုင်တဲ့ပုံမပေါ်။

တစ်နေ့တုန်းက သူမက ဂိုဏ်းထဲကို တောရိုင်းပန်းတွေ သယ်လာချိန် မုန်လာဥဖြူနဲ့တိုးသွားတယ်လေ။ မုန်လာဥဖြူ ဒေါသထွက်လွန်းလို့ ပေါက်ကွဲပါလေရော။ နှစ်ယောက်လုံးက ငယ်တာမို့ ရန်စဖြစ်ကြတော့တယ်။ မုန်လာဥဖြူကတော့ ရှန်းရင်ကို ပန်းပေးခွင့် သူ့ဆီမှာပဲရှိတယ်လို့ အတင်းပြောပြီး ဂျပုလေးကို ရှန်းရင်အနား တောရိုင်းပန်းတွေနဲ့ သွားခွင့်မပေး။ မုန်လာဥဖြူက ဂျပုလက်ထဲကနေ တောရိုးပန်းတွေကို အတင်းဆွဲလုပြီး သူ့ဒုဓလီပန်းတွေနဲ့ လဲပစ်လိုက်တယ်။ မုန်လာဥဖြူက ဂျပုကို ရှန်းရင်ဆီ ပန်းထပ်ပေးချင်ရင် သူ့ဆီက တောင်းရမယ်လို့ပါ ပြောလိုက်သေးတယ်။

အဲနောက်ပိုင်းကစပြီး တောရိုင်းပန်းတစ်ပွင့်မှ ရှန်းရင်ပြတင်းပေါက်အပြင်မှာ ပေါ်မလာတော့ဘူး။

ရှန်းရင် ပြတင်းပေါက်အပြင်မှာ ညှပ်ထားတဲ့ ဒုဓလီသုံးပွင့်ကို ကြည့်လိုက်တယ်။ သူတို့က အမွှေးတိုင်သုံးချောင်းလို မတ်မတ်လေး။ လေတစ်ချက်တိုက်တိုင်း အပွင့်တချို့ကလွင့်သွားလေရဲ့။ သူမ နှုတ်ခမ်းစေ့လိုက်မိတယ်။ ဒါ... ဂျပုလေး ကမ္မည်းတိုင်ရှေ့ ပူဇော်လောက်တဲ့ အမွှေးတိုင်သုံးချောင်းနဲ့ အတူတူပဲလား။

-_-|||

"ဂိုဏ်းချုပ်နဲ့ အကြီးအကဲကူယွဲ့ ဒီရောက်နေပြီ" ယွီဟုန်က ဂျပုလေးလက်ကိုဆွဲရင်း ခန်းမထဲ ဝင်လာတယ်။ သူမ ဂျပုလေးကို မမြင်ရတာ ရက်ပိုင်းပဲရှိသေး လက်မတချို့လောက် အရပ်ရှည်လာပုံပဲ။ ခုဆို ယွီဟုန်ရဲ့ လက်မောင်းအထက်ပိုင်းလောက်ထိ ရောက်တော့မယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora