အခန်း ၈၀ ။ ခရီးဆောင်စနစ်

1.3K 187 16
                                    

80
အခန်း ၈၀ ။ ခရီးဆောင်စနစ်

ရှန်းရင် မုန်လာဥကို ရေလောင်းနေတယ်။ ယင်းထျန်းမြို့က ပြန်ရောက်လာပြီတည်းက မုန်လာဥက သူ့ဟင်းသီးဟင်းရွက်မြေကွက်ထဲမှာပဲ နေပြီး ထွက်လာဖို့ ငြင်းနေတာပဲ။ စိတ်ပိုင်းဆိုင်ရာဒဏ်ရာကြောင့် ထင်ပါရဲ့ ဝိညာဉ်ချီ ပြန်ကောင်းမွန်လာပြီး အရွက်တွေ ပြန်ထွက်လာတာတောင် လူအဖြစ် မပြောင်းဘဲ မုန်လာဥအသွင်မှာပဲ နေနေတယ်။

"မုန်လာဥ၊ နင်ဘာလို့ အဲအပေါက်ထဲမှာ ဆက်နေနေတာလဲ၊ မြန်မြန် လူပုံစံပြောင်းစမ်းပါ"

ရှန်းရင် ရေလောင်းရင်း မုန်လာဥကို တလေးတနက် တိုက်တွန်းလိုက်တယ်။

"ကျီ" တကယ်ပဲ မမလေးက ငါ့ရဲ့ ပြီးပြည့်စုံတဲ့ အလှကို သဘောကျသေးတုန်းကိုး။

"နင် လူအသွင်မပြောင်းရင် သန့်ရှင်းရေးလုပ်ဖို့ လူလောက်မှာ မဟုတ်ဘူး"

"..." မုန်လာဥရင်ထဲ မြားစိုက်သွားသလိုပဲ။

ရှန်းရင် ဆက်တိုက်တွန်းဖို့ ပြင်နေတဲ့ဆဲဆဲ အနားကခြေသံတွေကိုကြားလိုက်ရတယ်။

"ဟမ် ငါ့ကို ဒီဘက်ဆီ လက်ညှိုးထိုးပြလိုက်ကြတာပါ၊ ဘယ်လိုလုပ် အဲလူကို ရှာမတွေ့နိုင်ရတာလဲ"

ဖုန်းယင် ကူယွဲ့ညွှန်ပြလိုက်တဲ့ လမ်းကြောင်းနောက်လိုက်လာတာ။ သူ အနီးနားက လူတစ်ယောက်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိပေမဲ့ဘယ်သူမှမမြင်တော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ သူ ဒီဂိုဏ်းချုပ်က ပုန်းပြီး မျက်နှာမပြတတ်တဲ့သူမျိုး ဖြစ်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ ဒါကြောင့် သူ့ကောင်းကင်စိတ်အာရုံကို ချက်ချင်း အသုံးချလိုက်တော့တယ်။

"စနစ်၊ ငါ့ကို ဒီနေရာရဲ့ မြေပုံပေးစမ်း"

သူ ဂိုဏ်းချုပ်ကို ရှာမတွေ့နိုင်ဘူးဆိုတာ မယုံဘူး။

[တင်း ဝူတိဂိုဏ်းမြေပုံ ဖွင့်ပြီးပါပြီ၊ ပစ်မှတ် ရှာတွေ့ပါပြီ၊ အရှေ့ဘက် မီတာတစ်ရာ ခန့်မှန်းခြေ ၃၃ပေပါ]

"၃၃ပေလား" ဖုန်းယင် လှည့်ကြည့်လိုက်တယ်။ ဝိညာဉ်ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်မြေကွက်ဆီ တန်းတန်းမတ်မတ် ကြည့်ပြီး ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ပေမဲ့ ဘယ်သူမှရှာမတွေ့ဘူး။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now