အခန်း ၁၅၅ ။ တစ်ယောက်ယောက်တက်လှမ်းလာ

1.1K 175 2
                                    

155
အခန်း ၁၅၅ ။ တစ်ယောက်ယောက်တက်လှမ်းလာ

"စားဖိုမှူး..." ရှန်းရင်က ကျက်ခါစ ဟင်းပွဲ‌တွေ ပြည့်နေတဲ့ စားပွဲကိုကြည့်ပြီး နှုတ်ခမ်းထောင့်တွေတွန့်သွားတယ်။ သူမရှေ့ကလူက ဒဏ်ရာတွေ ပြည့်နေဆဲ။

"ငါနေ့လယ်စာ... စားပြီးကာစထင်တာပဲ"

"ဆရာ" ယိချင်းက လေးလေးနက်နက်ပြန်ဖြေတယ်။

"ဒါတွေက အဆာသွတ်မုန့်တွေပါပဲ၊ သူတို့ကို သင့်‌တင့်တဲ့စားသောက်စရာလို့ မသတ်မှတ်ပါဘူး၊ ဆရာ မကြိုက်ဘူးဆိုရင် ကျွန်တော် အသီးတွေ ပြင်ပေးရမလား၊ အရင်တစ်ကြိမ်က ကျန်ခဲ့တဲ့ အမတအသီးတွေတော့ သိပ်မရှိတော့ဘူး၊ ဆန်းကြယ်ဇာမဏီအသီး၊ တောင်ပံအသီး၊ ဆန်းကြယ်အသီး၊ အဖူး... နဲ့ သဲအစစ်သီးတို့ရှိတယ်၊ အခုစားချင်လား"

သူက စကားပြောနေရင်း ဘေးမှာ ချိတ်ထားတဲ့သိုလှောင်အိတ်ထဲကနေ သစ်သီးတစ်အိတ်ကို ထုတ်လိုက်တယ်။

ရှန်းရင် ။ ။ "..."

အာ တကယ်ကို... အများကြီးမဟုတ်ဘူးပဲ။

"ဆရာ ဒါတွေမကြိုက်ဘူးလား" ယိချင်းက ရှန်းရင် တုပ်တုပ်မလှုပ်တာမြင်တော့ စိုးရိမ်လာတယ်။

"ကြိုက်တယ် ကြိုက်ပါတယ်..." ရှန်းရင်နှုတ်ခမ်းစေ့လိုက်တယ်။ ဒါက နည်းနည်းများလွန်းတယ် မဟုတ်ဘူးလား။ သူမ အရင်တစ်နပ်တုန်းက ဟင်းဆယ်ပန်းကန်ကျော် စားထားတာ။ တကယ်လို့ ရှေ့မှာရှိတဲ့ဟင်းပွဲတွေအားလုံးကိုသာ အပြတ်ဖြတ်လိုက်ရင် အတော်လေးဘုတ်ထိုင်းဖြစ်လာနိုင်တယ်။ ယိချင်းက သတိပြန်ရလာတည်းက နည်းနည်းထူးဆန်းနေတဲ့ပုံ။ ကြည့်ရတာ စိတ်ဒဏ်ရာရသွားတဲ့ပုံ။ ဒဏ်ရာတွေကို ကုသဖို့ကလွဲ အချိန်အားလုံးကို မီးဖိုချောင်ထဲပဲ ကုန်ဆုံးပြီး ရှန်းရင်အတွက် ဟင်းမျိုးစုံချက်ပေးတယ်။ သူမ နည်းနည်း...။

"အော်ဟုတ်သား ဖေဖေနျိုရဲ့ ဝဋ်ကြွေးချေမှု ဘယ်‌လိုနေလဲ" သူမ လက်ထဲက အိတ်နဲ့ဆော့နေမိတယ်။

ယိချင်း ဂိုဏ်းအဝေးက ရဲရဲတောက်နီနေတဲ့ မြေပြင်ကိုမော့ကြည့်လိုက်တယ်။ နောက်တော့ ခေါင်းငုံ့ပြီး စိတ်ထဲကနေ စရေတွက်တော့တယ်။ တစ်ခဏအကြာ သူကပြန်ဖြေလာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now