အခန်း ၇၃ ။ ဗိုလ်စွဲသူအရုပ်

1.2K 177 13
                                    

73

အခန်း ၇၃ ။ ဗိုလ်စွဲသူအရုပ်

သူဝိညာဉ်ချီကို အသက်သွင်းပြီး အရှိန်တစ်ပြားမှမလျှော့ဘဲတိုကိခိုက်တော့တယ်။ ရုတ်တရက်ကြီး မြင်ရသမျှက လျှပ်စီးတွေစုဝေးနေတာပဲ။ အဲလျှပ်စီးတွေထဲ နဂါးရှည်ကြီးတစ်ကောင် စင်ပေါ် ပေါ်လာတယ်။ စင်ပေါ်က ကျောက်စတွေက နေရာအနှံ့ပျံ့စင်ကုန်ပြီး  တစ်ဖက်လူရွှေ့တာနဲ့ လျှပ်စီးကြောင်းတွေက ပတ်ပတ်လည်ကိုယမ်းတော့တယ်။ စစ်ယွီကို စီးပိုးတဲ့အမူအရာနဲ့ မရပ်မနား လှုပ်ရှားနေအောင် ဖန်တီးနေလေတယ်။

စစ်ယွီထိတ်လန့်သွားပေမဲ့ ရှောင်ဖို့နောက်ကျသွားခဲ့ပြီ။ ဒါကြောင့်လေထဲ ခုန်ကာ လျှပ်စီးကြောင်းကိုကာဖို့ ဓားချီကိုထိန်းချုပ်ပြီး ဘေးပတ်ပတ်လည်မှာ ဝိညာဉ်ဓားရာချီ ဆင့်ခေါ်လိုက်တယ်။

ဒါပေမဲ့ သူမကျင့်ကြံဆင့်က ပြိုင်ဘက်ထက်နိမ့်တာကြောင့် ဒီလိုအကာအကွယ်က ယာယီပဲ ခံနိုင်တယ်။ ဒီလိုမျိုးဆက်သွားလေ ဝိညာဉ်ချီတွေ ပိုပိုကုန်လာလေပဲ။ တချို့လျှပ်စီးကြောင်းတွေက ဓားအစီအရင်ကို ဖောက်ထွင်းသွားပြီး သူမခန္ဓာကိုယ်ကို ထိမှန်ကုန်တာကနေ ဝိညာဉ်ချီက ဒဏ်မခံနိုင်တော့ဘူးဆိုတာ သက်သေပြနေပြီ။

ပြီးသွားပြီ။

ယင်းယွမ်ဖေး သက်ပြင်းချလိုက်တယ်။ ပြိုင်ပွဲနိုင်ဖို့ ပြိုင်ဘက်ကို အဆုံးသတ်အကွက် ထုတ်သုံးတော့မဲ့ဆဲဆဲမှာတင် ကျောဘက်မှာ မဆိုစလောက် ကြက်သီးထသွားလေတယ်။ တိုက်ပွဲမှာ အတွေ့အကြုံ ကြွယ်ဝနေတာမို့ သူ့ကျောကို ဓားနဲ့အလိုလိုလှမ်းကာလိုက်တယ်။ နောက်တော့ ချွင်ခနဲအသံနဲ့အတူ သူ့လက်ထဲ လေးသွားပြီး လျှပ်စီးကြောင်းအများကြီးထဲ ပိတ်မိနေတဲ့ စစ်ယွီက ရုတ်တရက် သူ့နောက်မှာပေါ်လာ‌တော့တယ်။

ပြန်လှည့်ကြည့်လိုက်တော့ ဓားအစီအရင်ထဲမှာ ဘယ်သူမှ ရှိမနေတာ မြင်လိုက်ပါလေရော။

"ပုံရိပ်ယောင်အစီအရင်ပဲ"

သူ ထိတ်လန့်တကြီးနဲ့ နောက်ပြန်ဆုတ်တော့တယ်။ အင်းကွက်အစီအရင်တွေ သုံးပုံသုံးနည်းကို သိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူ့လက်ဖဝါးက စတင်ထုံထိုင်းလာတယ်။ ဓားကျင့်ကြံသူတွေအားလုံးက ဒီလိုသန်မာကြတာလား။ သူ့အသိအာရုံ စူးရှသွားပြီး ဒီတိုက်ပွဲမှာ ပိုပိုပြီး နိုးနိုးကြားကြားရှိလာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now