အခန်း ၇၅ ။ ဆက်ဆံရေးအတွက်အကြံပေးချက်များ

1.3K 184 9
                                    

75

အခန်း ၇၅ ။ ဆက်ဆံရေးအတွက်အကြံပေးချက်များ

"ကျုပ်တို့ကို ဧည့်ခံပေးလို့ကျေးဇူးတင်ပါတယ် ယင်းမျိုးနွယ်စုခေါင်းဆောင်၊ နောက်ကျနေပြီဆိုတော့ ကျုပ်တို့ခင်ဗျားကို ဆွဲမထားတော့ပါဘူး" ကူယွဲ့က စာချုပ်ကိုချပြီး အလယ်ပင်မခုံမှာ ထိုင်နေတဲ့ ပွဲစီစဉ်သူကို ဂုဏ်ပြုဖို့ သေရည်ခွက်မြှောက်လိုက်တယ်။

"အာ ဟမ်" ယင်းဖုန်းက တိတ်တိတ်လေးနေပြီး မညီမျှတဲ့စာချုပ်အကြောင်း စဉ်းစားနေတုန်း ကူယွဲ့ကတော့ ပြန်ဖို့ပြင်နေပြီ။

"သွားကြရအောင်" ကူယွဲ့ ရှန်းရင်ကိုဆွဲထူလိုက်တယ်။

"အော်" သူမဝေစုစားပြီးပြီဆိုတော့ ရှန်းရင် လက်ကဖုန်ခါပြီး မတ်တတ်ရပ်လိုက်တယ်။

"အဲဒါ နင့်နာမည်ဘာ... ကျေးဇူးပါ၊ သွားပြီ"

ယင်းဖုန်း ရွေးစရာမရှိတော့ဘဲ ဧည့်သည်တွေကိုလိုက်ပို့ရတော့တယ်။ နောင်တရနေလို့ အကျိုးမရှိဘူး။ သူ အပြုံးတစ်ပွင့်တပ်ဆင်ပြီး ဧည့်သည်တွေကို အရှေ့တံခါးဆီလိုက်ပို့လိုက်တယ်။

"မျိုးနွယ်စုခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်" ကူယွဲ့က လက်သီးဆုတ်ပြီး အကောင်းဆုံးစီးပွားရေးသမားအပြုံးမျိုးပြုံးတော့တယ်။

"ဂရုစိုက်ပါ၊ တာအိုရောင်းရင်းတို့"

သူတို့ နေရာရွှေ့ပြောင်းအစီအရင်ဆီ သွားမို့ဆဲဆဲမှာတင် စစ်ယွီဘေးနားမှာ တစ်ညလုံးဝေ့ဝဲနေတဲ့ ယင်းယွမ်ဖေးက ရုတ်တရက် ထပြောတယ်။

"မိန်းကလေးစစ်ယွီ"

လူတိုင်း ရပ်သွားပြီး လှည့်လာတယ်။ စစ်ယွီ အလိုလိုမျက်မှောင်ကြုတ်လိုက်မိတာပေါ့။

"တခြား ကိစ္စရှိသေးလို့လား"

"ဒါ... ဒါ..." ယင်းယွမ်ဖေးက မျက်နှာနီရဲသွားတယ်။ သူ စစ်ယွီကို လက်မလွှတ်နိုင်ပေမဲ့ နေခဲ့ခိုင်းဖို့ အကြောင်းရင်းလည်း စဉ်းစားမရဘူး။

သူက ယင်းမိသားစုမှာ မွေးဖွားလာတာ၊ ဘယ်လိုပဲဖြစ်ဖြစ် မျိုးနွယ်စုခေါင်းဆောင်ရဲ့သား။ သူလည်း ရှားပါးတဲ့လျှပ်စီးဝိညာဉ်ကြောကို ပိုင်ဆိုင်ထားတယ်။ အရည်အချင်းအစစ်အမှန်ရှိတာမို့ သူ့ကျင့်ကြံဆင့်ခရီးစဉ်က ချောမွတ်ပြီး အမြဲ အတော်ဆုံးတပည့်ဖြစ်ခဲ့တာ။ သူ့ဂိုဏ်းထဲ သူ့ပြိုင်ဘက်က မရှိသလောက်ပဲ။ ဆွေကြီးမျိုးကြီး မိသားစုလေးစုကြားမှာတောင်ပေါ့။ ပိုပြီးအဆင့်နိမ့်သွားတာကို ပထမဆုံးအကြိမ် သူကြုံဖူးတာပဲ။  သူ့ကို အဲနေရာရောက်အောင် ထားတဲ့သူကလည်း အချစ်အတွက် အသင့်ဖြစ်နေတဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးကျင့်ကြံသူ။ သေချာပေါက် သူမက သူ့နှလုံးသားကိုလှုပ်ခတ်ခဲ့တာပေ့ါ။ ဒါပေမဲ့ သူမက နူးညံ့ပြီး သူ့ကို လုံးဝစိတ်ဝင်စားပုံမပေါ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now