150
အခန်း ၁၅၀ ။ ကောယိုး၏ကြံစည်မှုဝူဟုန် မတုံ့ပြန်နိုင်ခင် ပြင်းထန်တဲ့ဖိအားတစ်မျိုးနဲ့ လေပြင်းကို ခံစားမိလိုက်တယ်။ သူ အရှိန်ကြောင့် အောက်ပြုတ်ကျပြီး သူ့နောက်ကလိုက်ပျံတက်လာတဲ့ ပြောင်ထင်းကို ထိသွားတယ်။
မိစ္ဆာအမတနှစ်ယောက် တွင်းကြီးထဲ အရှိန်နဲ့ပြုတ်ကျသွားသံပေါ်လာတော့တာပေါ့။ ဒီတစ်ကြိမ်တော့ တောင်တစ်ခုလုံး သူတို့အောက် ပြိုကျသွားပြီ။
"အဲဒါဘယ်သူလဲ" ဝူဟုန်က အော်ပြီး သူ့ကိုယ်က အစက်အပြောက်တိုင်းကနေ အနီရောင်တွေ ထွက်လာတယ်။ နဂိုမူလအသွင်ပြောင်းလိုက်တော့ မီးတောက်နီတွေနဲ့ ငှက်ကြီးတစ်ကောင်။ သူက ဒေါသတကြီးမော့ကြည့်ပေမဲ့ ဘာမှမမြင်ရ။ လေထဲမှာ သူကိုင်ထားခဲ့တဲ့ကလေးမက ဖြည်းဖြည်းချင်း အောက်ကိုလွင့်မျောလာတယ်။
"ကောင်းကင်နတ်ဘုရား... ကောင်းကင်နတ်ဘုရားလား" ကလေးမက ဟိုဟိုဒီဒီအူကြောင်ကြောင် စိုက်ကြည့်နေရင်းမှ စိတ်လှုပ်ရှားမှုနဲ့ ပေါက်ကွဲတော့တယ်။ သူမက ပတ်လည်ကို လိုက်ရှာလေတယ်။
"ကောင်းကင်နတ်ဘုရား ရှင်ဒီမှာရှိနေတယ်မဟုတ်လား၊ သမီးကို ကာကွယ်ပေးဖို့ ထပ်ရောက်လာတာလား၊ သမီး... သိသားပဲ... ပူဇော်တာကောင်းတယ်ဆိုတာ"
အပေါ်တက်ရန် ခက်ခက်ခဲခဲ နည်းရှာထာူရသော ရှန်းရင် ။ ။ "..."
အဲဒီပူဇော်ဖွယ်တွေအကြောင်း ထည့်မပြောရင် ငါတို့ သူငယ်ချင်းတွေဖြစ်နိုင်သေးတယ်
"ကောင်းကင်နတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ သမီး... ဘာလို့ မမြင်ရတာလဲ"
"နင့်ကိုပြောဖို့မေ့နေတာ" ရှန်းရင် ကလေးကို မြက်ခင်းပြင်ပေါ် ပစ်တင်ပြီး ပြောလိုက်တယ်။
"ငါကအသီးအရွက်မုန်းတယ်"
ကလေးက ရပ်သွားပြီး မျက်မှောင်ကြုတ်တယ်။ ရုတ်တရက်မခံမရပ်နိုင်ဖြစ်နေပုံပဲ။
"ငါ့ကိုဘာမှထပ်မပေးနဲ့တော့၊ ဒါပေမဲ့..."
ရှန်းရင် နဂိုမူလအသွင်ယူထားတဲ့ ငှက်နဲ့သားရဲဘက်ကို လှည့်ကြည့်လိုက်တာ်။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...