KILLER VS KILLER 10 - ရဲသင်တန်းကျောင်းတွင်

2.3K 415 38
                                    

Zawgyi

နောက်နေ့များတွင်တော့ S.C.I အဖွဲ့ကြီး လုပ်စရာမရှိတော့သဖြင့် ပျင်းရိငြီးငွေ့ဖွယ်နေ့ရက်များပြန်ဖြစ်သွားခဲ့၏။ ရုံးခန်းရှေ့ ဖြတ်သွားမိသော Bao Zheng သည်ပင် S.C.I ရုံးခန်းကြီး မှိုတက်လုလုဖြစ်နေပုံကို ကြည့်ကာ ဝမ်းသာအားရ ခေါင်းညိတ်သည်။ S ​မြို့တော်ကြီး အေးချမ်းသာယာနေသည့် နမိတ်ပုံပင်။

Gongsun ကတော့ ပျင်းရိငြီးငွေ့မနေပေ။ အလုပ်ရှုပ်လွန်းလို့ သူ ဘာတွေလုပ်နေမှန်းတောင် သူမသိ။ Ma Xin က လုပ်ရည်ကိုင်ရည်ကောင်းသလောက် ဉာဏ်ရည်လဲ ထက်သည်။ ပိုဆိုးသည်က သတ္တိအရမ်းကောင်းခြင်းပင်။ အလောင်းခွဲသည့်အခန်းထဲတွင်ပင် ဖရဲသီးခွဲကာ ဖရဲသီးဖျော်ရည်ကို အပြုံးမပျက် သောက်နိုင်သည်။ ထို့ကြောင့် အလောင်းခွဲခန်းထဲ သူတို့မှလွဲ၍ ဘယ်သူမှ မဝင်ရဲကြ။

(Novel ထဲက Ma Xin က ယောက်ျားလေးပါတဲ့.... LA မှာ ညီမလေးဆိုပေမဲ့ အခုသူ့အကြောင်းပြောတော့ eng translator က He လို့ သုံးထားတာပါ)

Zhao Hu ကတော့ Ma Han ကို လိုက်စသည်။
" ကိစ္စအတော်များများကို မင်း အေးအေးဆေးဆေး ကိုင်တွယ်နိုင်တာ အကြောင်းရင်းကောင်းကောင်းရှိတာပဲ... အိမ်ထဲမှာက အပြင်ကထက် ပိုရှုပ်ထွေးတဲ့ အခြေအနေတွေရှိနေတာကိုး"

Ma Han ကတော့ ရယ်ရခက် ငိုရခက်ပင်။

Luo Tian ကတော့ ဒဏ်ရာကြောင့် ဆေးရုံတွင် သုံးရက်ခန့် နားလိုက်ရသည်။ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းက သူတကာထက် ပိုကောင်းသောကြောင့် ဆရာဝန်များပင် တအံ့တသြ ဖြစ်ကုန်ကြ၏။  Yang Yang လေးကိုခေါ်ကာ S.C.I သို့ ပြန်လာကြသည်။

Zhan Zhao နှင့် Jiang Ping တို့ကတော့ အင်တာနက်ထိုင်ကာ status များကို အပြတ်မခံပဲ စောင့်ကြည့်ကြသည်။ သို့သော် Lisbon လေးကို ချောကြောင်းလှကြောင်း တွင်တွင်ပြောသော status များမှလွဲ၍ ဘယ်သူ့အိမ်တွင်မှ ခြင်္သေ့အမ မရှိနေပါချေ။ Lisbon လေးကို လာကြည့်ချင်သူများသာ ရှိနေသည်။

Bai Yutang ကတော့ ဘယ်လိုလုပ်ရမှန်းကို မသိတော့ပေ။ Zhan Zhao မှာ အိပ်ပျော်နေရင်းမှပင် သူ့ကို တင်းတင်းဖက်ကာ 'ငါ့ခြင်္သေ့လေး' ဟု ရေရွတ်တတ်သေးသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now