KILLER'S PASSWORD 13- HAUNTED

1.9K 304 11
                                    

Unicode

ကျောက်ဝေ ပိုင်ချီနှင့် အမြွှာနှစ်ယောက်က ဝင်ပေါက်တံခါးကို စောင့်ကြပ်သည်။

ကျန်ကျောက် ပိုင်ယွိထန် ကုန်းစွန်းနှင့် ပိုင်ကျင်းထန်တို့က ထိုအဆောင်ထဲ ဝင်ကာ အရူးဦးလေးကြီးနှင့်အတူ တစ်ထပ်ချင်း ရှာကြသည်။ ပိုင်ယွိထန်နှင့် ပိုင်ကျင်းထန်က ရှာသည့်နေရာတွင် အာရုံစိုက်၍ ကျန်ကျောက်နှင့် ကုန်းစွန်းက အရူးဦးလေးကြီး၏ မျက်နှာအမူအရာကိုသေချာကြည့်သည်။

အဆောင်တွင် အထပ်ငါးထပ်ရှိရာ အကုန်လုံးကို ရှာပြီးသွားကြပြီဖြစ်၏။ နောက်ဆုံးတော့ သူတို့လဲ မီးလောင်မှုဖြစ်သည့် အထပ်သို့ ရောက်လာကြသည်။
မီးလောင်သည့် အထပ်က တတိယထပ်ဖြစ်ပြီး အခန်းနံပါတ်က ၃၁၁ ဖြစ်၏။ တစ်ခန်းလုံး ပင့်ကူအိမ်တွေ ဖုန်တွေနှင့် ပြည့်နှက်နေသည်။ ၇နှစ်ကြာပြီးသည့်တိုင်အောင် နံရံ ကြမ်းပြင်နှင့် အိပ်ရာပေါ်တွင် မီးလောင်ခဲ့သည့် အမည်းကွက်များမှာ ထင်ထင်ရှားရှား ရှိနေသေးသည်။

ပိုင်ယွိထန်က အခန်းဝတွင် ရပ်ကာ အခန်းတစ်ဝိုက်ကို ကြည့်သည်။ ထို့နောက် ကုန်းစွန်း ကျန်ကျောက်တို့နှင့်အတူ အထဲဝင်၍ ပြတင်းပေါက်မှ အပြင်ငုံ့ကြည့်သည်။ စောစောက ယန်ယန်လေး မြင်ခဲ့ရသော လူရှိနေသည်ထင်ရသည့် ပြတင်းပေါက်ပင်။

"ဘယ်သူလဲ  "
ထိုအချိန်တွင် တံခါးဝ၌ ကျန်နေခဲ့သည့် ပိုင်ကျင်းထန်ဆီမှ အသံထွက်လာသည်။ သူတို့အားလုံး လှည့်ကြည့်တော့ ပိုင်ကျင်းထန်က တစ်စုံတစ်ယောက်ကို လိုက်ရှာနေသကဲ့သို့ပင်။ ကျန်ကျောက်ရော ပိုင်ယွိထန်ပါ ပိုင်ကျင်းထန်နောက် အပြေးအလွှား လိုက်ကြရသည်။

"  အစ်ကိုကြီး ဘာမြင်လိုက်လို့လဲ"
ပိုင်ယွိထန်က မေးလိုက်သည်။

ပိုင်ကျင်းထန်က ​​ဗလာကျင်းနေသော လှေကားထိပ်ကို ကြည့်ရင်း ​ကြောင်နေသည်။

" ကျစ်.. စောစောက တီရှပ်အဖြူ ဝတ်ထားတဲ့ ကောင်လေးတစ်ယောက် ပြေးလာတာကို တွေ့လိုက်တာ.."

ကျန်ကျောက်နှင့် ပိုင်ယွိထန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now