Love Murder 09 - ပုံပြင်ဟောင်းလေးတစ်ပုဒ်

1.4K 181 12
                                    

Unicode

ပေါင်ကျန့်က ဂျစ်ကားခပ်ကြီးကြီးကို မောင်းသည်။ ကုန်းစွန်းက ကားရှေ့ခန်းတွင်ထိုင်ကာ ကျန်ကျောက်က လီလာကိုဖက်ရင်း ပိုင်ယွိထန် ပိုင်ချီတို့နှင့်အတူ အနောက်ခန်းတွင်ထိုင်၏။

" Bao Sir .. ဘာလို့ အဝေးကြီးသွားနေတာလဲ"
ကုန်းစွန်းက ပေါင်ကျန့်ကို မေးလိုက်သည်။
" ပြီးတော့ ဘယ်သွားမယ်ဆိုတာ ဘာလို့မပြောပြတာလဲ"

ပေါင်ကျန့် လှည့်ကြည့်လိုက်တော့ လူလေးယောက်လုံး၏ မျက်လုံးလေးများကို သူ့ကို စူးစမ်းကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ငါ ပြောလို့မရဘူး.. မင်းတို့ရောက်ရင် သိမှာပေါ့ကွာ"

သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကျန်ကျောက်ရင်ခွင်ထဲမှ လီလာလေးက သမ်းနေသည်။ အိပ်ချင်နေပုံရကာ အမြီးတစ်ချက်ခါရင်း အမွှေးများလျက်ရင်း အိပ်ပျော်သွားလေသည်။

သို့သော် ကားက S မြို့ အစွန်အဖျားအထိ မောင်းသွား၏။ ညဘက် မှောင်အတိကျနေသည့် အချိန်ဖြစ်သည့်အတွက် ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့ အချင်းချင်း ကြည့်နေကြသည်။

ပိုင်ချီက ညချမ်းလေအေးကြောင့် ကော်လာကို ဆွဲတင်ရင်း မေးလိုက်သည်။
" Bao Sir.. ကျွန်တော်တို့ သင်္ချိုင်းကို သွားနေတာလားဗျ"

ပေါင်ကျန့်က တစ်ချက်ကြည့်ကာ ကားရပ်ပြီးနောက် ပြောလေသည်။
" ရောက်ပြီ"

သူတို့အားလုံး အချင်းချင်းကြည့်နေကြသည်။ အမှောင်ယံကြီးစိုးနေသည့် မြို့အစပ်လမ်းတစ်လမ်းသာ ဖြစ်၏။

ပေါင်ကျန့်က စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်း ဓာတ်မီးတစ်လက်ကိုင်ကာ ကုန်းစွန်းကို တစ်လက်ပေး၍ ပြောလိုက်သည်။
" ငါ့နောက်လိုက်ခဲ့"

သူတို့အားလုံး ကြောင်သွားကြကာ ကားထဲမှ ထွက်၍ သစ်တောထဲ ဝင်မည်ကြံနေသော ပေါင်ကျန့်ကို ကုန်းစွန်းက တားလိုက်သည်။
" ခဏလေးပါ"

ပေါင်ကျန့်လဲ ရပ်သွားကာ ကုန်းစွန်းကိုကြည့်သည်။

ကုန်းစွန်းက ပေါင်ကျန့်ကိုစိုက်ကြည့်ရင်း ထိုမျက်နှာကို လက်ချောင်းနှင့် တို့လိုက်သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now