Zawgyi
Bai Yutang ကြောင့် အံ့အားသင့်သွားသော Zhan Zhao က Bai Yutang ရင်ခွင်ထဲမှ ထွက်၍ မော့ကြည့်လိုက်သည်။ ရင်နင့်ဖွယ်ကောင်းလောက်အောင် ရဲရဲနီနေသော Zhan Zhao ၏ မျက်လုံးများကို မြင်လိုက်ရသည့်အခါတွင် Bai Yutang ၏ ရင်တွင်းတစ်နေရာမှ စူး၍ အောင့်လာသည်။ အမှန်အတိုင်းပြောရလျှင် Zhan Zhao ကြောက်လန့်တကြား ဖြစ်သွားသည်ကို အစပိုင်း၌ သူ သဘောကျခဲ့သည်။ ပျော်လဲ ပျော်သည်။ သို့သော် သူက ကြောင်လေးဘဝအတွက် ဘယ်လောက် အရေးပါနေလဲ သူကိုယ်တိုင် သတိထားမိသော အခါတွင်တော့ စောစောက မဆင်မခြင် ပြုမိသော လုပ်ရပ်အတွက် နောင်တရမိသွားသည်။
" မင်းပြောလိုက်တာ... အလောင်းရဲ့ ခန္ဓာကိုယ် ဘယ်ရောက်နေလဲ မင်းသိတယ်ဆိုတာလား..."
Zhan Zhao က တစ်ခါထပ်၍ မေးသည်။
" ဘယ်လိုလုပ် သိတာလဲ... ခုနတုန်းက အဖြစ်အပျက်ကနေ အကြံ ရလာတာလား..."Bai Yutang က ပြုံးလိုက်သည်။
" ကြောင်လေးရယ်... ငါက ဝရံတာ လက်တန်းမှာလေ.. Luo Tian ကို လက်တစ်ဖက်က ကိုင် Pang Ji ကို နောက်တစ်ဖက်က.. ငါ့ကိုယ်ငါ နှစ်ခြမ်းကွဲသွားပြီလား အောက်မေ့ရတယ်.."ထိုစကားကို ကြားပြီးနောက် Zhan Zhao မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ တစ်စုံတစ်ခုကို သူတွေးမိလိုက်ပေမဲ့ မသေချာသောကြောင့် Bai Yutang ကိုသာ မလွတ်တမ်း ငေးကြည့်နေ၏။
Bai Yutang က ထပ်ပြုံး၏။
" ငါ ခုနကမှ သဘောပေါက်ခဲ့တာ... အဲ့ဒီတုန်းက ခေါင်းထဲမှာ လက်ခနဲ အကြံပေါ်လာတာ... အဲ့ဒါနဲ့ အပေါ်ကို မော့ကြည့်မိလိုက်တော့... ငါ တစ်ခုခု တွေ့လိုက်တယ်... "
ပြောနေရင်းနှင့် Bai Yutang က Zhan Zhao ၏ အနောက်ကို လျှောက်သွားကာ Zhan Zhao ၏ မေးဖျားလေးကို တစ်ဖက်သို့ သာသာဖွဖွ ဆွဲယူလိုက်သည်။
" တွေ့လား... အဲ့တာ ဘာလဲ.."Internation Hotel ၏ မျက်နှာချင်းဆိုင်တွင်လဲ ကြယ်ခြောက်ပွင့်အဆင့်ရှိ Century Hotel တည်ရှိသည်။ ဟိုတယ်နှစ်ခု စတင် တည်ဆောက်စဉ်ကပင် မိုးပျံတံတားဖြင့် ဟိုတယ်နှစ်ခုအား ဆက်ထားရန် အကြံရှိခဲ့သည်။ ထို့ကြောင့် ဟိုတယ်နှစ်ခုလုံး၏ အသွင်အပြင်နှင့် ဒီဇိုင်းမှာ အချင်းချင်း လိုက်ဖက်ညီကြ၏။ အရာဝတ္ထုတစ်ခု၏ တစ်ဝက်စီအသွင်ဖြစ်နေသော ထိုဟိုတယ်နှစ်ခုအား နောက်ပိုင်းတွင် နည်းပညာပြဿနာကြောင့် တံတားဆောက်၍ မဆက်ထားနိုင်တော့ပေ။
( ဒီနေရာမှာ အတူတူလို့ မသုံးပဲ အရာဝတ္ထု တစ်ခုရဲ့ တစ်ဝက်လို့ ပြန်ထားတာက အရာဝတ္ထုတိုင်းက တစ်ဝက်နဲ့ တစ်ဝက် ပုံတူတွေ မဟုတ်ကြပါဘူး.. ပြောချင်တာက တစ်ဝက်ကို ပြောချင်တာ တစ်ခြမ်း မဟုတ်ပါဘဓ)
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story