KILLER VS KILLER 24- ထိပ်တန်းလျှို့ဝှက်ချက်

2.3K 403 25
                                    

Zawgyi

ရဟတ်ယာဉ်က လီယိုနာ့ဒ်၏ ရွက်လှေပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ လျို့ထျန်က ဘန်ဂျမင်းကို ဆွဲခေါ်၍ အရင်ဆုံးဆင်းလာပြီး ကျောက်ဝေနှင့် ကျန်ကျောက်တို့က ပိုင်ယွိထန်ကို တွဲ၍ နောက်မှ ဆင်းလာသည်။ ပိုင်ယွိထန်မှာ တစ်ကိုယ်လုံး ထုံနေအောင် ရှော့ရိုက်ခံထားရသဖြင့် မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်သေး။ ကျန်ကျောက်က သူ့အခန်းထဲထိ တွဲပို့ပေး၏။ ရွက်လှေပေါ်တွင် မိသားစု ဆရာဝန်တစ်ဦးကို​ပါငှား၍ ပိုင်ယွိထန်၏ အခြေအနေကို စစ်ဆေးစေ၏။ ရှော့ရိုက်ခံထားရသည်က အတွင်းအင်္ဂါများအထိ မထိခိုက်သော်လဲ ရက်အနည်းငယ်တော့ မလှုပ်နိုင် ဖြစ်နေဦးမည်ဖြစ်၏။ သို့သော် ပိုင်ယွိထန်က သာမန်လူတွေထက် ကိုယ်ခံအားကောင်းသည့်အတွက် တစ်ရက် နှစ်ရက်လောက် နားရင် ရပြီဟု ဆရာဝန်က ဆို၏။

သူ့ညီကို လျှပ်စစ်နှင့် ရှော့ရိုက်သည်ဟု ပိုင်ကျင်းထန် ကြားရသောအခါ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ဖြူစုတ်သွား၏။ ဖမ်းမိထားသောသူကို မသေမရှင်ဖြစ်အောင် နှိပ်စက်မည်ဟု တတွင်တွင်ပြောနေ၍ သူတို့အားလုံးက အရေးကြီးသော မျက်မြင်သက်သေ​ဖြစ်သောကြောင့် သတ်လို့မရကြောင်း ဝိုင်းပြောကြရသည်။

လီယိုနာ့ဒ် က ရွက်လှေကို ပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။
ဒီတစ်ခေါက် ရလိုက်သည်မှာ အချီကြီးဖြစ်၏။ ပိုင်ယွိထန်အဖမ်းခံလိုက်ရသော်လဲ သည်အမှုတွင် ပါသော သူများအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်။ နောက်တစ်ဆင့်က WOLF ကို ရှင်းရန် နည်းလမ်းရှာရုံပင်။ WOLF ကို အမြစ်မှလှန်ရန်အထိ လိုအပ်၏။ သို့သော် လီယိုနာ့ဒ်က ပိုင်ကျင်းထန်ကို ခိုးကြည့်ရင်း ဒီတစ်ခေါက် ဘန်ဂျမင်းတစ်ယောက် ပိုင်ကျင်းထန်၏ ဒေါသကို ကောင်းကောင်းကြီး ဆွပေးလိုက်သည်ကို တွေ့၍ ကျေနပ်နေမိသည်။ ပိုင်ကျင်းထန်၏ ဒေါသတွေက WOLF ဆီ လွင့်သွားပေလိမ့်မည်။ ပွဲက အတော်လေး ကြည့်ကောင်းတော့မှာပဲ...

ရွက်လှေ ကမ်းကပ်ပြီးနောက် ကျန်ကျောက်က ပိုင်ယွိထန်ကို တွဲကာ အပန်းဖြေအိမ်သို့ ပြန်၏။ တခြား S.C.I အဖွဲ့သားများက ဘန်ဂျမင်းကို ဖမ်းလာခဲ့သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now