Zawgyi
Zhan Zhao နှင့် Bai Yutang တို့က ဆောက်လုပ်ရေးဆိုက်ထဲသို့ ဝင်လာကြသည်။ တက္ကစီသမားက သူ့ကို အသင့်စောင့်နေ၏။ ထိုလူဝင်သွားသည့်နေရာကို Zhan Zhao နှင့် Bai Yutang တို့အား ပြလိုက်သည်။
" ဒီဆိုက်က အဆောက်အဦးပြိုကျလို့ ရပ်ဆိုင်းထားတာ ကြာပြီ... အဲ့ဒါကြောင့် ဘယ်သူမှ မသုံးကြတော့တာ.."
တက္ကစီသမားကြီးက ပြောပြသည်။
" အဲ့ဒါကြောင့်မို့လဲ ဒီလူက ထူးဆန်းနေတယ်လို့ သတိထားမိတာဗျ... ပြီးတော့ တရုတ်လူမျိုးနဲ့ မတူလို့ သူ့ကို မှတ်မိတယ်"Bai Yutang က ခေါင်းညိတ်ကာ တက္ကစီသမားအား ရဲစခန်းကိုသွား၍ ထိုလူပုံကြမ်းအား ပြောပြပေးပါဟု တောင်းဆိုသည်။ တက္ကစီသမားက လိုလိုလားလားပင် ရဲစခန်းကို ကိုယ်တိုင် ကားမောင်းသွား၏။
" ကြောင်လေး...သတိထားနော်..."
Bai Yutang က ခြေလှမ်းအနည်းငယ် ရှေ့တိုးကြည့်တော့ ထိုနေရာအား အုတ်ခဲနဲ့ ကျောက်စရစ်များဖြင့် ဖုံးထားသည်ကို တွေ့ရသည်။
" မင်းတွေ့ခဲ့တဲ့လူက ဘယ်လိုပုံစံမျိုးလဲ"" အင်း.... အရပ်ရှည်တယ်... ခန္ဓာကိုယ်တောင့်တယ်..."
Zhan Zhao က ပြန်စဉ်းစားကြည့်၏။
" ဒါပေမဲ့ သူ့မျက်နှာကို မမြင်လိုက်ဘူး"" အော်..."
Bai Yutang က ပြုံး၏။
" အိတ်ကိုပဲ လိုက်ကြည့်နေတာမဟုတ်ဘူးလား"Zhan Zhao က မျက်လုံးမှေးကာ ပြန်ကြည့်သည်။
"Xiao Bai... မင်း ဘာလို့ လိုက်မေးနေတာလဲ.. မင်းရော အဲ့လူကို မြင်လိုက်လို့လား"Bai Yutang က ခေါင်းညိတ်၏။
" စောစောက ကားဆရာပြောသွားတာ သူက တရုတ်လူမျိုးနဲ့ မတူဘူးတဲ့ အဲ့ဒါကြောင့် ရေချိုးခန်းထဲက လူအကြောင်း စဉ်းစားမိသွားတာ..."" ရေချိုးခန်းထဲက?.."
Zhan Zhao က အံ့အားသင့်သွားသည်။
" ဟိုနှာဗူးကောင်လား"" မဟုတ်ဘူး"
Bai Yutang က ပြန်ဖြေသည်။
" စောစောက ရေချိုးခန်းထဲမှ သူအပြင် နောက်တစ်ယောက် ရှိနေသေးတယ်"" တကယ်လား"
Zhan Zhao က အံ့သြသွား၏။
" အဲ့ဒီမှာ လူရှိနေတဲ့ပုံလဲ မပေါ်ဘူး"Bai Yutang က ခဏစဉ်းစားလိုက်၏။
" ရေချိုးခန်းထဲကို ငါဝင်သွားတော့ သူ ရေချိုးပြီးစဖြစ်လိမ့်မယ်... နောက်ပိုင်း တစ်ခုခု ဖြစ်တာသိလို့ ငြိမ်ပြီး ပုန်းနေတာ ဖြစ်နိုင်တယ်"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story