Unicode
နေ့လည်ဘက်တွင် ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့နှစ်ယောက် ကယ်လိုရီများသည့်အစားအစာများ မှာရန် ကြိုးစားနေကြသည်။ နှစ်ဦးသဘောတူ ပီဇာမှာပြီးတောင် မကျေနပ်နိုင်သေး၍ ကြက်ခြေထောက်ဘာဂါ coke largeတစ်ခွက် ကြက်ကြော်large တစ်ထုတ် ကြက်ဥပူတင်းတို့ကို မှာယူလိုက်ကြသည်။ အစားအသောက်တွေ ရောက်လာတော့ အကုန်လုံးထုတ်ကာ ဓာတ်လှေကားဆီ လျှောက်လာကြ၏။
ဓာတ်လှေကားထဲတွင်လဲ ဆယ်ကျော်သက် ကောင်လေးနှစ်ယောက် ရှိနေကြသည်။ သူတို့က အနည်းငယ် ဝဝဖြိုးဖြိုးဖြစ်နေကြလေရာဆီကြော်မုန့်တွေ ပါးစပ်အပြည့်ဝါးပြီး ပိိန်ပိန်ကျစ်ကျစ်ရှိနေသော သူတို့နှစ်ယောက်ကို မကျေမနပ်ကြည့်၏။
ပိုင်ယွိထန်က ကောင်လေးတစ်ယောက်ကိုပြုံးကြည့်သည်။
" ညီလေးတို့ အစ်ကိုဘယ်လိုအဆီချလဲ သိချင်လား... ရေချိုးကန်ထဲမှာ လေ့ကျင့်ခန်းလုပ်ကြည့်လေ.. ခန္ဓာကိုယ်ထဲမှာ ရှိသမျှ အဆီကျစေရ ...ရ"စကားပင် မဆုံးလိုက်။ ကျန်ကျောက်က နောက်မှ တစ်ချက် ကန်လိုက်သည်။
.....ကျန်ကျောက်က သူ့ကျောင်းသူလေးနှင့် ပြုစုစောင့်ရှောက်ရေးဆေးရုံတစ်ခုရှေ့တွင် တွေ့ရန် ချိန်းဆိုထားသည်။
" ကြောင်လေး"
ပိုင်ယွိထန်က ကျန်ကျောက်ကိုင်ပေးထားသည့် ကြက်ဥပူတင်းကို ပါးစပ်ထဲ ထိုးထည့်၍ မေးလိုက်သည်။
" အဲ့ဒီ sanatorium က စိတ်ရောဂါလူနာတွေ အတွက် သီးသန့်ထားတာလား"( Sanatorium ဆိုတာက အထူးပြုလုပ်ထားတဲ့ အဆောက်အဦးပါ နာတာရှည်ရောဂါသည်တွေအတွက် ဆေးကုတာရော နေဖို့အတွက်ပါ စီစဥ်ပေးထားတဲ့နေရာပေါ့..)
ကျန်ကျောက်က ကြက်တောင်ပံတစ်ချောင်းကို ဝါးရင်း ခေါင်းညိတ်သည်။
" ပြင်းထန်တဲ့ စိတ်ရောဂါသည်တွေကို ထားတာလေ.. နလန်ပြန်ထူနိုင်အောင်ရော အကျဥ်းချထားနိုင်ဖို့အတွက်ရောပေါ့"" အကျဥ်းချတယ်??"
ပိုင်ယွိထန် တွေဝေသွား၏။ကျန်ကျောက်က တစ်ရှုးစဖြင့် ပိုင်ယွိထန်ကို ပါးစပ်သုတ်ပေးလိုက်ပြီး ကြက်ခြေထောက်တစ်ချောင်း ထိုးထည့်ပေးပြန်သည်။
" ရဲ့လင်းက လူတွေအများကြီးကို ဒဏ်ရာရအောင်လုပ်ထားတာ သူကအန္တရာယ်ရှိတယ်လေ"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story