KILLER VS KILLER 22 ကစားပှဲ

2K 393 45
                                    

Zawgyi

Leonard ၏ ရွက်လှေက အတော်လေး ခမ်းနား၏။ အပျော်စီးသင်္ဘောကြီးတစ်ခုစာလောက် ပစ္စည်းအပြည့်အစုံ ပါရှိပြီး ရဟတ်ယာဉ်အသေးစားနှင့် ရေကြောင်းအချက်ပြ ကိရိယာအသေးစားတစ်ခုပါ ပါသေးသည်။ Leonard က ရွက်လှေဦးတွင် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ရေအောက်ကမ္ဘာ boss ကဲ့သို့ ရပ်နေ၏။

ဆိပ်ကမ်းသို့ရောက်တော့ Bai Jintang က Gongsun နှင့် SCI တစ်ဖွဲ့လုံးကို ခေါ်ရင်း Ouyang Chunနှင့် Mason ကိုပါ တစ်ခါတည်း လိုက်စေသည်။ Leonard က ဘေးဘီဝဲယာကြည့်ရင်း မေးလိုက်သည်။

" မင်းရဲ့ အရမ်းချောတဲ့ ညီလေးနှစ်ယောက်ရော.မတွေ့ပါလား... Zhao Jue ရော..."

Bai Jintang က စူးစူးရဲရဲ စိုက်ကြည့်သည်။
" လှေပေါ်တက်"

Leonard မှာ Bai Jintang ၏ မျက်နှာမှ အရိပ်အကဲကို ဖမ်းမိလိုက်၍ Eugene ကို လှေစက်နှိုးစေပြီးမှ မေးသည်။
" ဘာဖြစ်လို့လဲ"

Bai Jintang က Leonard ကို ဂြိုဟ်တုဓာတ်ပုံများကို ပြလိုက်သည်။ ကျွန်းနှစ်ကျွန်းပေါ်မှ ဆင်တူဓာတ်ပုံကိုကြည့်ရင်း Leonard က ပြုံးသည်။
" ဒီလိုလား..."

" ဒီမှာ.."
Bai Jintang က အက်စတီကာကျွန်းမှ ရဲတိုက်ငယ်လေးကို ပြသည်။
" Yutang ကို ကယ်ပြီးတာနဲ့ ဒီနေရာကို ဖောက်ခွဲပစ်မှာ.. "

ထို့နောက် Bai Jintang က Gongsun ကို ခေါ်၍ အခန်းထဲ ဝင်သွား၏။ Jiang Ping က ထိုအခန်းထဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို တပ်ဆင်နေ၏။ ထို့နောက် ရှာဖွေရေးကိရိယာကို ဖွင့်သည်။ SCI တစ်ဖွဲ့လုံးမှ လူအားလုံး၏ မျက်နှာတွင် လက်စားချေလိုရိပ်များ စွဲထင်နေကြ၏။ Leonard က အူတူတူနှင့် Eugene ကို သွားမေးသည်။
" Bai ရဲ့ ညီလေး အဖမ်းခံလိုက်ရလို့လား"

Eugene ကလဲ မေးစေ့ပွတ်ရင်း တအံ့တသြ ဆိုသည်။
" ဘယ်သူက ကျားပေါက်လေးကို ဖမ်းရဲတာလဲ.. ငါ့နံရိုးကိုတောင် ချိုးနိုင်တဲ့ ကောင်လေးကိုလေ.."

Leonard အကြည့်တို့က Bai Jintang ဘေးတွင် ရပ်နေသော Gongsun ကိုယ်ပေါ် ဖြာကျနေရင်း မျက်လုံးကျုံ့ကာ တိုးတိုးလေးဆို၏။
" အလှလေးပဲ..."

သူ့စကားဆုံးတော့ Bai Jintang က သူ့ကို စူးစူးရဲရဲ မော့ကြည့်လာ၏။ Leonard က Eugene နားကပ်ကာ တိုးတိုးလေး ပြော၏။
" အဲ့ဒါ သူ မလား..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now