Innocent Murder 16- ခြုံခို တိုက်ခိုက်ခြင်း

3.7K 592 31
                                    

Zawgyi

Warning: ဒီအပိုင်းကို စိတ်ညစ်နေရင် မဖတ်ပါနဲ့ ဝမ်းနည်းနေရင်လဲ မဖတ်သေးပါနဲ့ဦး... တကယ်လို့ စိတ်ညစ်စရာရယ် ဝမ်းနည်းစရာရယ် မရှိရင် tissue လေးဆောင်ပြီး ဖတ်ပါ.. ကျွန်တော် တကယ်ငိုခဲ့တဲ့ အပိုင်းမို့လို့ သတိပေးတာပါ ကျွန်တော် သတိပေးတယ်နော်



" သူတို့တွေ အကုန်လုံးက ဘာလို့ An Lingli လို ဟန်ဆောင်နေကြတာလဲ..."
Zhan Zhao က တစ်ကိုယ်တည်း ရေရွတ်နေသည်။
" လူသတ်သမားနဲ့ An Lingli တို့ ကြားထဲမှာ ပြဿနာ တစ်ခုခု ရှိလို့လား... ဒါမှမဟုတ် သူတို့ အချင်းချင်း သိကြတာလား"

" ပြီးတော့ တကယ်လို့ ကောင်မလေးက ရဲစခန်းထဲ ခိုးဝင်ချင်တယ်ဆိုရင် An Lingli လို့ ဟန်ဆောင်တာက ပိုပြီး အန္တရာယ်မရှိနိုင်ဘူးလား..."
Bai Yutang ၏ မျက်နှာတွင် စူးစမ်းမှု အရိပ်များ ဖြတ်ပြေးနေ၏။
" တကယ်လို့ An Lingli မဟုတ်တာ တစ်ယောက်ယောက် သိသွားခဲ့ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို မဖြစ်နိုင်ဘူးလား"

" ပြီးတော့ ဒီရဲသား​လေးကရော...."
Zhan Zhao က မေး၏။
" သူလဲ ငါ့စာအုပ်ကလပ်ရဲ့ အဖွဲ့ဝင် ဖြစ်နိုင်လား"

" အဲ့ဒါတော့ သေချာမသိပါဘူး"
Bai Chi က ဖြေ၏။
" ဒါပေမဲ့ ကျွန်တော်တို့ ကြားတာတော့ သူက အရမ်းစိတ်ထားကောင်းတယ်တဲ့... တစ်ခါတစ်လေ လူအိုဂေဟာတွေ သွားပြီး ကူညီပေးတတ်တယ်တဲ့..."

" အော်.."
Zhan Zhao က ခေါင်းညိတ်သည်။

"ဘာလို့လဲ ကြောင်လေး..."
Bai Yutang က Zhan Zhao ကို ကြည့်လိုက်သည်။
" မင်းက အဲ့ဒီရဲအကြောင်းကို စိတ်ဝင်စားနေတဲ့ပုံပဲ..."

" အင်း "
Zhan Zhao က ခေါင်းညိတ်သည်။
" လူတစ်ယောက်ကို သတ်ဖို့ အကြောင်းပြချက် ရှိစမြဲပဲ..။ တကယ်လို့ An Lingli အတုကသာ ဟန်ဆောင်တာ ပေါ်မှာကြောက်ခဲ့ရင် ဒီရဲကိုကျတော့ သတ်ပြီး Zhang Yankai ကိုကျ အရှင်ထားမယ် ထင်လို့လား... အဲ့ဒီတော့ ဒီရဲကို သတ်တာက တခြားအကြောင်းရင်း ရှိကို ရှိရမယ်... ပြီးတော့ သတ်တဲ့သူက An Lingli အတု ဟုတ်ချင်မှတောင် ဟုတ်မယ်... ဒီရဲသားလေးရဲ့ ယူနီဖောင်းက အချွတ်ခံသွားရတာ... မိန်းကလေးကိုယ်နဲ့ဆို ယောက်ျားလေး ယူနီဖောင်းက ကြီးတယ်လေ... ရဲတစ်ယောက်ရဲ့ ယူနီဖောင်းကို မတော်ပဲ မိန်းကလေးတစ်ယောက်က ဝတ်ပြီး ရဲစခန်းထဲ လျှောက်သွားနေဖို့ မဖြစ်နိုင်ဘူး..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now