KILLER VS KILLER 27- ပူးပေါင်းခြင်း

1.8K 369 20
                                    

Zawgyi

သဘောတူညီချက်ရပြီးနောက် စီစဉ်သည့်အပိုင်းက ပိုလွယ်သွားသည်။ ခါလူလာက ရိုးရှင်းသည့်လူတစ်ယောက်ဖြစ်၏။ ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့အပေါ် မှီခိုနေရသည့် ပူးပေါင်းမှုမျိုးမဟုတ်ပဲ WOLF ကို သူကိုယ်တိုင် ရှင်းပစ်ရန် တောင်းဆိုခြင်းပင်။

ပိုင်ယွိထန်နှင့် အိုးရန်ချန်းတို့က မယုံကြည်ပုံရသည့်အတွက် ခါလူလာက ရယ်သည်။
" သေချာတာက ခင်ဗျားတို့အရင် WOLF ကောင်ကို တွေ့ရင် ဥပဒေအတိုင်း ​ဖြေရှင်းလို့ရပါတယ်.. ကျွန်တော် အရင်တွေ့ခဲ့ရင်တော့ အားနာနေမှာမဟုတ်ဘူး"

သူတို့အားလုံး အချင်းချင်းကြည့်ကာ ဖြစ်နိုင်ကြောင်း လက်ခံကြသည်။

"WOLF ရဲ့ ထူးခြားတဲ့ စွမ်းအားတွေက ဘာလဲဆိုတာ ပြောပြလို့ ရမလား"
ကျန်ကျောက်က ခါလူလာကို မေးသည်။
" အဲ့ဒီအစွမ်းတွေက မွေးရာပါလား"

" မွေးရာပါလား ဘာလားတော့ ကျွန်တော်လဲ မသိဘူး"
ခါလူလာက ​ဖြေသည်။
" ဒါပေမဲ့ ဒီလောကမှာ ကျွန်တော့်ကို လှည့်ကွက်တွေသုံးလို့ရတဲ့သူတော့ အများကြီးမရှိဘူး"

ထို့နောက် ခါလူလာက ကျောက်ဝေကို ကြည့်သည်။
" ခင်ဗျားရဲ့ မျက်လှည့်.. ခင်ဗျားဘယ်လိုလုပ်လဲ ကျွန်တော်မသိဘူး.. ဒါပေမဲ့ WOLF က မျက်လှည့်ပြနေတာမဟုတ်ဘူး.. သူ့မှာ တကယ့်ကို ထူးခြားတဲ့ အစွမ်းတစ်ခုရှိနေတာ"

" ဥပမာအနေနဲ့ဆိုရင်ရော.."
ကျောက်ကျွယ်က လက်ဖက်ရည်တစ်ငုံသောက်ရင်း မေး၏။

" ဥပမာ.."
ခါလူလာက ခဏတွေးလိုက်သည်။
" အရမ်းတော့များတယ်.. တစ်ခါက ကျွန်တော်တို့ လက်နက်ရောင်းတဲ့သူနဲ့ အလုပ်လုပ်ဖူးတယ်ဗျာ.. အဲ့ဒီမှာ အဲ့လူက ကျွန်တော်တို့ကို လှည့်ဖျားဖို့ကြံတယ် ဒါပေမဲ့ WOLF က အဲ့ကောင်ရဲ့ မျက်လုံးကို စိုက်ကြည့်ရုံပဲရှိသေးတယ် ဟိုတစ်​ယောက် လုံးဝနာခံသွားတော့တာ လှုပ်တောင်မလှုပ်ရဲဘူး"

သူတို့အားလုံးတစ်​ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ကျောက်ကျွယ်က ဆက်မေး၏။
" အသေးစိတ်ကျကျ ပြောလို့မရဘူးလား"

"အသေးစိတ်ပြောရရင်.. တစ်ခုတော့ရှိတယ်ဗျ"
ခါလူလာက ပြုံးသည်။
" သရုပ်ဆောင်မင်းသမီးတစ်ယောက်ကို သဘောကျတဲ့ ညီတစ်ယောက် ကျွန်တော့်မှာ ရှိခဲ့ဖူးတယ်.. အဲ့ဒီမင်းသမီးက သူ့ကို ဂရုကို မစိုက်တာ .. ဒါပေမဲ့ WOLF ရဲ့ အကြည့်ကိုလဲ ခံရပြီးရော အဲ့မင်းသမီးက သူ အိပ်ဆိုအိပ် သူသွားဆိုသွားပဲ..အရမ်းနာခံသွားတာ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now