Unicode
အပြာရောင်မုတ်ဆိတ်ကြီးဆိုသော ပုံပြင်တစ်ပုဒ်ကို ကျန်ကျောက် ဖတ်ခဲ့ဖူးသည်ကို သတိရသည်။ စင်ဒရဲလားနှင့် ကျောရိုးဆင်သော်လဲ ရွှေသော့တစ်ချောင်းကြောင့် ဇာတ်လမ်းတစ်ခုလုံး ပြောင်းပြန်လှန်သွားရသည့် ဝမ်းနည်းစရာ ပုံပြင်လေးတစ်ပုဒ်ဖြစ်၏။
သို့သော် ထိုအချိန်တွင်မှ ကျန်ကျောက် ကောင်းကောင်းနားလည်သွား၏။ တကယ်တော့ ပုံပြင်များ ဝတ္ထုများထဲက ဘယ်လောက် ကြောက်ဖို့ကောင်းသည်ဖြစ်စေ စာရေးဆရာက ကြောက်ဖို့အကောင်းဆုံးအပိုင်းများကို သဘောကောင်းကောင်းနှင့် ဖုံးကွယ်ထားပေး၏။
လူသေများ... အလောင်းများဆိုသည်မှာ ရဲများ မှုခင်းဆရာဝန်များ၏ မျက်လုံးထဲတွင်တော့ ရိုးအီနေသည့် မြင်ကွင်းများသာ ဖြစ်သည်။ ရဲများစစ်ဆေးရသည့် အလောင်းဆိုသည်က လှလှပပ သေဆုံးနေတာမျိုးမှ မရှိပဲ။ မရှုမလှ ရုပ်ပျက်ဆင်းပျက် သေဆုံးနေသောအလောင်းများ ပုပ်သိုးနေသော အလောင်းများ... သွေးသံရဲရဲ အလောင်းများ စသည်ဖြင့် မျိုးစုံနေအောင် သူတို့တွေ့ခဲ့ရဖူးသည်။
သို့သော် အခုအချိန်မှသာလျှင် တကယ်ကြောက်ဖို့ကောင်းသည်က သွေးသံရဲရဲ ဖြစ်နေသည့် အလောင်းများမဟုတ်ပဲ ပုံစံပြောင်းနေသည့် ပုပ်သိုးနေသော အလောင်းခြောက်များ ဖြစ်သည်ကို ပိုင်ယွိထန်ရော ကျန်ကျောက်ပါ နားလည်သွားကြသည်။
သူတို့ရောက်နေသည့်အခန်းက သုတေသနအခန်းတစ်ခုနှင့် တူသည်။ အခန်းအလယ်တွင် စားပွဲတစ်လုံး တင်ထားကာ အလယ်ခေတ်တွင် သုံးခဲ့သည့် ဆေးကုသခြင်းဆိုင်ရာ ကိရိယာမျိုးစုံကို တွေ့နိုင်သည်။ အဆိုပါ ဆေးကိရိယာများမှာ ဆေးရုံဆေးခန်းများတွင်တော့ လူ့အသက် ကယ်ချင်ကယ်နိုင်မည်ဖြစ်သော်လဲ မြေအောက်ခန်းထဲမှ သံချေးတက်နေသော အဆိုပါကိရိယာများမှာ ထောင်သားများကို နှိပ်စက်သည့် ကိရိယာများနှင့် ပိုတူသည်။
သို့သော် ကျန်ကျောက်တို့ စိတ်မသက်မသာဖြစ်ရသည့်အကြောင်းရင်းမှာ ထိုကိရိယာများကြောင့် လုံးဝမဟုတ်။ အခန်းထဲမှ အလောင်းကောင်ကြောင့်သာ ဖြစ်၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story