Unicode
ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့နှစ်ယောက်သား မြစ်ကမ်းဘေးမှ River Tea စားသောက်ဆိုင်ထဲ ဝင်လာကြသည်။ ဆိုင်က အရမ်းမကြီးသလို အပြင်အဆင်တွေကလဲ မခမ်းနားပေ။ အတော်လေးအိုဟောင်းနေသောဆိုင်ဖြစ်ပြီး ညစာစားချိန်မရောက်သေး၍ လူလဲ သိပ်မရှိ။
စားပွဲထိုးတချို့က ခုံသုတ်နေကြသည်။ လူလတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်က ကောင်တာနောက်တွင် စာရင်းတွက်နေ၏။
ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့နှစ်ယောက် ဝင်လာတော့ စားပွဲထိုးတစ်ယောက်က မော့ကြည့်သည်။
" ကြွပါဗျာ.. လူဘယ်နှယောက်စာလဲ"ပိုင်ယွိထန်က နှစ်ယောက်ဖြစ်ကြောင်း ပြန်ဖြေတော့ စားပွဲထိုးက ကမ်းဘေးနှင့် နီးသည့်စားပွဲတွင် နေရာချပေးကာ မှာရန် Menu ယူလာပေးသည်။
ပိုင်ယွိထန်က menu မကြည့်သေးပဲ စားပွဲထိုးကို အရင်မေး၏။
" ဒီဆိုင်က ကြက်ပေါင်ထမင်းက အရမ်းစားကောင်းတယ်ဆို"" ..ကြက်ပေါင်ထမင်း??"
စားပွဲထိုးလေးက ကြောင်သွားပုံရပြီး ပြန်ဖြေသည်။
" menu က ဒီမှာပါဗျ.. ကျွန်တော်တို့ဆိုင်မှာ ကြက်ပေါင်ထမင်း မရောင်းပါဘူး"ပိုင်ယွိထန်နှင့် ကျန်ကျောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ကောင်တာ၌ ပိုက်ဆံရေနေသော ဆိုင်ရှင်ဖြစ်သူကခေါင်းမော့၍ ပြုံးလိုက်သည်။
" ကြက်ပေါင်ထမင်းက အရင်တုန်းက အရမ်းစားကောင်းခဲ့တာပေါ့ဗျာ.. မရောင်းတော့တာတော့ လေးငါးနှစ်လောက် ရှိပါပြီ ဟဲဟဲ"" နှမြောစရာပဲ"
ပိုင်ယွိထန်က menu ကို စိတ်မပါလက်မပါ ပစ်ချလိုက်သည်။
" ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အခုထိ ပြောနေတာဗျ.. သူ့ရည်းစားနဲ့တောင် အတူလာစားဖူးတယ်တဲ့"" အော်.. ဖောက်သည်ဖြစ်တာ အတော်ကြာပြီနဲ့တူတယ်"
ဆိုင်ရှင်က အင်္ကျီလက်များ လိပ်တင်ကာ ထွက်လာ၏။
" အခု လုပ်ပေးလို့ရပါတယ် River Tea မှာပဲ ရနိုင်တဲ့ ကြက်ပေါင်ထမင်းကြော်ကို"ထို့နောက် ဘေးနားမှ စားပွဲထိုးလေးကို လှမ်းပြောသည်။
" အထဲဝင်သွားပြီး လောင်လျို့ကိုပြောလိုက်.. ကြက်ပေါင်ထမင်းနှစ်ပွဲလို့.. သူ ဘာလုပ်ရမလဲ သိတယ်"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story