Unicode
နေ့လည်ပိုင်းတွင် ကျန်ကျောက် ပိုင်ယွိထန် လော့ထျန်နှင့် ပိုင်ချီတို့ Sမြို့တော်၏ အနုပညာပြတိုက်ကို ရောက်လာကြသည်။
S မြို့တော်တွင် အနုပညာပြတိုက် ၃ခုရှိသည်။ တစ်ခုက နိုင်ငံတကာပြတိုက်ဖြစ်ကာ နောက်တစ်ခုက နိုင်ငံတော်ပြတိုက်ဖြစ်၏။ ထိုနှစ်ခုကို S မြို့တော်က ပိုင်ဆိုင်ခြင်းဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း အမျိုးအမည်များပြားသည့် အဆင့်အတန်းမြင့် အနုပညာပြပွဲ လုပ်လေ့ရှိသည်။ တတိယတစ်ခုက အနုပညာများကို စုဆောင်းထားသည့် ပြတိုက်ဖြစ်၏။ ကျန်ကျောက်တို့ လာခဲ့သည်မှာ ထိုနေရာဖြစ်သည်။ အစိုးရပိုင်မဟုတ်ပဲ သီးသန့်ပိုင်ဆိုင်မှုတစ်ခုဖြစ်သည့်အတွက် သီးသန့်အနုပညာစုဆောင်းသူများအတွက် တစ်ပတ်တစ်ခါ လေလံပွဲများကို ကျင်းပခဲ့သည်။
သို့သော် S မြို့တော်မှာ အနုပညာအငွေ့အသက်တို့ ပြည့်ဝနေသည့် မြို့တစ်မြို့ဖြစ်ကာ ရှေးဟောင်းကျောက်စိမ်းဆိုင်များ ပန်းချီအရောင်းဆိုင်များ နေရာတိုင်းတွင်ရှိသည်။ တရုတ်ရော အနောက်တိုင်းအငွေ့အသက်ပါ လွှမ်းနေသည့် အနုပညာလက်ရာမျိုးစုံကို လွယ်လင့်တကူ ရရှိနိုင်သည်။
ဆိုင်အသေးလေးများ စုဖွင့်ထားသည့် အနုပညာလမ်းဆိုသည်က ရှိသေးသည်။ ထိုနေရာတွင် ရှေးဟောင်းအနုပညာရှင်တွေရော သူတို့ဖန်တီးထားသည့် အံ့သြစရာ အနုပညာလက်ရာများကို ပြသလေ့ရှိသည်။ S မြို့ထဲကိုပင် ထွက်ခဲသည့် လော့ထျန်မှာ ခပ်လှမ်းလှမ်းမှ ပျားပန်းခတ်အောင် လှုပ်ရှားနေသည့် လူအုပ်ကြီးကိုမြင်တော့ အံ့သြနေသည်။
" ဒီနေရာက တော်တော်ကောင်းတာပဲ.. နောက်မှ ယန်ယန်လေးကိုခေါ်ပြီး လာလည်ရမယ်.. သူက အခုတလော ပန်းချီဆွဲတာ ဝါသနာပါနေတာ"" ဟုတ်လား"
ပိုင်ချီက စိတ်ဝင်တစား ဝင်မေးလိုက်သည်။
" ယန်ယန်က ပန်းချီဆွဲတာ ကြိုက်တာလား"" အင်း"
လော့ထျန်က ခေါင်းညိတ်ကာ ပိုက်ဆံအိတ်ဖွင့်၍ ပိုင်ချီကိုပြသည်။ပိုက်ဆံအိတ်ထဲမှ ပုံမှာ လော့ထျန်နှင့် ယန်ယန်တို့ အတူရိုက်ထားခြင်းဖြစ်၏။ ယန်ယန်လေးမှာ လက်ထဲတွင် ဘောင်သွင်းထားသည့် ပန်းချီကားတစ်ချပ်ကို ကိုင်ထားသည်။ ပန်းချီပညာကို သေချာမသိသော်လဲ အရောင်တွဲစပ်ထားပုံက လိုက်ဖက်ညီကာ ကြည့်ကောင်း၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story