Unicode
အမြွှာနှစ်ယောက်မှာ တစ်ဖက်အခန်းတွင် ဂိမ်းဆော့ရင်း ကြက်ကြော်စားနေကြခြင်းဖြစ်၏။ ပိုင်ကျင်းထန်တို့အခန်းထဲမှ ပြတင်းပေါက်မှန်ကွဲသည်ကို ကြားလိုက်ရတော့ နှစ်ယောက်လုံး TV ပြေးပိတ်ကာ အိပ်ရာသို့ပြေး၍ ပြတင်းပေါက်ဘက် ချောင်းကြည့်ကြသည်။ ပိုင်မိသားစုအဆောက်အဦးနှင့် ကပ်လျက်မှ တိုက်ပေါ်မှ လေဆာမီးအနီရောင်ကိုတွေ့သည်နှင့် နှစ်ယောက်သား ပြေးထွက်သွားကြသည်။
ပိုင်ကျင်းထန်ဖုန်းခေါ်သည့်အချိန်တွင် သူတို့နှစ်ယောက် အပြင်ရောက်နေပြီဖြစ်ရာ အကြီးကောင်က ဖုန်းကိုင်၍ အငယ်ကောင်က သူ့လက်အောက်မှ လူများကို ထိုတစ်တိုက်လုံးပိုက်စိပ်တိုက်ရှာရန် အမိန့်ပေးလိုက်၏။
တစ်ဖက်အဆောက်အဦးမှ တာဝန်ရှိသူမှာ ဘာမှမသိသေး။ ရုတ်တရက် သူ့တိုက်ထဲ လူအုပ်ကြီး ပြေးဝင်လာသည်ကိုသာ တွေ့လိုက်ရ၏။ အငယ်ကောင်က အော်လိုက်သည်။
" ငြိမ်ငြိမ်နေ .. ရဲလာစစ်တာ"သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သေနတ်ပါလေရာ ထိုအစောင့်မှာ ကြောက်လန့်တကြားနှင့် ဘာမှမပြောရဲ။ သေနတ်ဆိုသည်မှာ ဤနိုင်ငံတွင် ရဲများသာ ကိုင်နိုင်ပေရာ သေနတ်တွေနှင့်လူတိုင်းကို ရဲဟုသာ သတ်မှတ်လိုက်လေ၏။
အငယ်ကောင်က သူ့လူတွေခေါ်ကာ အပေါ်တက်ရှာသည်။ အကြီးကောင်ကတော့ CCTV ခန်းထဲဝင်သည်။ သေချာပေါက် ထိုအခန်းထဲမှလူများ အိပ်ပျော်နေကြ၏။ အကြီးကောင်လဲ မော်နီတာကိုဖွင့်ကာ ခေါင်မိုးထပ်ကိုကြည့်သည်။ အင်္ကျီအမည်းဝတ်ထားသော လူတစ်ယောက်မှာ သေနတ်သေတ္တာကို သေချာပြင်၍ ပြန်ထွက်ရန်အသင့်ဖြစ်နေသည်။ အကြီးကောင်က အငယ်ကောင်ကို ချက်ချင်းဆက်သွယ်သည်။
" အရှေ့မြောက် ထောင့်နားမှာ ကုတ်အနက်နဲ့ .. ကြေးစားဖြစ်လောက်တယ်.. အရှင်ဖမ်းခဲ့ .. ဘယ်သူ့အတွက် အလုပ်လုပ်လဲ မေးရမယ်"
အငယ်ကောင်က မျက်လုံးမှိတ်ပြလိုက်ပြီး သူ့လူတွေကို လှေကားအဝတွင် စောင့်ခိုင်းထားသည်။ သူတို့ရပ်နေပြီး မကြာခင် ခေါင်မိုးထပ်မှ တံခါးပွင့်လာ၏။ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ရိုင်ဖယ်သေတ္တာကို ထမ်းကာ လှေကားပေါ် ဆင်းလာချိန် သူ့ကို သေနတ်အများကြီးနှင့်ချိန်ထားသည်ကို တွေ့လိုက်ရသည်။ ထိုသူက ကြောက်အားလန့်အားနှင့် လက်မြှောက်၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story